
ဝါရှင်တန်၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုအရ အမေရိကန်စစ်တပ်က ၂၀၂၅ ခုနှစ်အတွင်း ယီမင်နိုင်ငံအပေါ် ဆက်တိုက်ပြုလုပ်ခဲ့သော တိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူ ရာနှင့်ချီ သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် The Wall Street Journal ၏ ဩဂုတ် ၁၁ ရက် သတင်းဖော်ပြချက်အရ သိရသည်။
ပင်တဂွန်စစ်ဌာနချုပ်သည် ထိုနေ့တွင် အမေရိကန်လွှတ်တော်သို့ စာမျက်နှာ ၁၂ မျက်နှာပါ လျှို့ဝှက်မဟုတ်သော အကဲဖြတ် အစီရင်ခံစာတစ်စောင် တင်သွင်းခဲ့ပြီး ၂၀၂၅ ခုနှစ်အတွင်း အမေရိကန်စစ်တပ်က တစ်ကမ္ဘာလုံး၌ လုပ်ဆောင်ခဲ့သည့် စစ်ရေးလှုပ်ရှားမှုအားလုံးတွင် အရပ်သားပြည်သူ သေဆုံးဒဏ်ရာရရှိမှု ဖြစ်စေခဲ့သော အခြေအနေအပေါ် ပင်တဂွန်စစ်ဌာနချုပ်၏ အကဲဖြတ်သုံးသပ်မှုကို အကျဉ်းချုပ် ဖော်ပြခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းဒေသ အမေရိကန်စစ်တပ် လှုပ်ရှားမှုကို တာဝန်ယူရသည့် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က အဆိုပါ အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဧပြီလအတွင်း အမေရိကန်စစ်တပ်က ယီမင်နိုင်ငံအပေါ် ပြုလုပ်ခဲ့သော အကြီးစားတိုက်ခိုက်မှု ၃ ကြိမ်ကြောင့် စုစုပေါင်း အရပ်သားပြည်သူ ၁၅၃ ဦး သေဆုံးခဲ့ပြီး ၂၄၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အတည်ပြုခဲ့ကြောင်း၊ ဟူသီလက်နက်ကိုင်အဖွဲ့အား ပစ်မှတ်ထား၍ လှုပ်ရှားသည့်ကာလအတွင်း အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု ဖြစ်စေနိုင်သည့် နောက်ထပ်ဖြစ်စဉ် ၁၅ ခုကိုလည်း CENTCOM က စစ်ဆေးလျက်ရှိသည်ဟု အစီရင်ခံစာ၌ တစ်ချိန်တည်းတွင် ထည့်သွင်းဖော်ပြထားကြောင်း သတင်းအရ သိရသည်။
ယီမင်ဟူသီလက်နက်ကိုင်အဖွဲ့အပေါ် လေကြောင်းတိုက်ခိုက်သည့် လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်ခဲ့သော အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှုပမာဏအား ထရမ့်အစိုးရက ပထမဆုံးအကြိမ်အဖြစ် တရားဝင် အသိအမှတ်ပြုလိုက်မှုကို အဆိုပါအစီရင်ခံစာက ဖော်ပြနေသည်ဟု သတင်းအရ သိရသည်။
၂၀၂၅ နှစ် မတ် ၁၅ ရက်တွင် အမေရိကန်သည် ဟူသီလက်နက်ကိုင်အဖွဲ့အား အကြီးစား လေကြောင်းတိုက်ခိုက်မှုများ စတင်ပြုလုပ်ခဲ့ပြီး ထို့နောက် ဟူသီလက်နက်ကိုင်များက အမေရိကန် လေယာဉ်တင်သင်္ဘောနှင့် ၎င်း၏ အစောင့်အကြပ်သင်္ဘောများကို တန်ပြန်တိုက်ခိုက်ခဲ့သည်။ ၂၀၂၅ ခုနှစ် မေ ၆ ရက်တွင် အမေရိကန်နှင့် ဟူသီလက်နက်ကိုင်အဖွဲ့တို့သည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် ရရှိခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
美媒:美军2025年对也门的打击致数百平民伤亡
新华社华盛顿8月11日电(记者黄强 颜亮)据美国《华尔街日报》11日报道,美国国防部内部调查显示,美军2025年对也门发动的一系列打击行动造成数百名平民伤亡。
报道说,五角大楼当天向美国国会提交了一份长达12页的非机密评估报告,概述了五角大楼对美军2025年在全球所有军事行动中造成平民伤亡情况的评估。负责中东地区美军行动的美军中央司令部在报告中认定,美军2025年4月对也门进行的3次大规模打击行动共造成平民153人死亡和243人受伤。报告同时说,中央司令部正在审查针对胡塞武装行动期间可能导致平民伤亡的另外15起事件。
报道称,这份报告标志着特朗普政府首次正式承认其空袭也门胡塞武装的行动所造成的平民伤亡规模。
去年3月15日,美国开始对胡塞武装进行大规模空袭,胡塞武装随后对美国航空母舰及其随行舰只发动打击。同年5月6日,美国与胡塞武装达成停火协议。(完)
图说1:2025年3月19日,也门首都萨那一处地点遭到美军空袭后升起浓烟和火焰(手机照片)。新华社发
图说2:2025年4月21日,在也门首都萨那,一名男子在遭空袭的市场查看损毁的小巴车。新华社发(穆罕默德·穆罕默德摄)








