အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် ဒုတိယသမ္မတ JD Vance က သတင်းထောက်မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် ဒုတိယသမ္မတ JD Vance က သတင်းထောက်မေးမြန်းမှုအား ဖြေကြားနေသည်ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

အမေရိကန်အနေဖြင့် မကြာသေးမီက အီရန်နိုင်ငံရှိ လက်ထပ်မင်္ဂလာပွဲတစ်ပွဲ တိုက်ခိုက်ခံရမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း အမေရိကန် ဒုတိယသမ္မတ JD Vance က စက်တင်ဘာ ၃ ရက်တွင် အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

JD Vance က သတင်းထောက်မေးမြန်းမှုကို ဖြေကြားရာ၌ “တစ်ခါတလေလည်း မလွဲမရှောင်သာ ဒီလိုမျိုးတွေ ဖြစ်နိုင်ခြေရှိပါတယ်”  ဟု ဆိုကာ အမေရိကန်က လက်ရှိအဆိုပါဖြစ်စဉ်အပေါ် “မည်သည့် အတိအလင်း အချက်အလက်မျှ မရှိသေး” ကြောင်း၊ အမေရိကန်က စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။ အီရန်မီဒီယာများ၏ သတင်းဖော်ပြမှုအပေါ် “သံသယ” ရှိကြောင်းလည်း ၎င်းက တစ်ချိန်တည်းတွင် ဆိုခဲ့သည်။

ဟော်မုဇ်ရေလက်ကြား၌ သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ် ဆက်လက်ဖြစ်ပွားနေသရွေ့ အမေရိကန်က အီရန်နှင့် ဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း JD Vance က ပြောကြားခဲ့သည်။

အီရန်မီဒီယာ၏ စက်တင်ဘာ ၁ ရက် သတင်းဖော်ပြချက်အရ အမေရိကန်စစ်တပ်သည် ထိုနေ့ညပိုင်းက အီရန်နိုင်ငံ တောင်ပိုင်း နေရာအများအပြားသို့ တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ဟော်မုဇ်ကန်ပြည်နယ် Kuhestak မြို့ရှိ လက်ထပ်မင်္ဂလာပွဲ ကျင်းပရာနေရာတစ်နေရာလည်း သက်ရောက်မှုခံခဲ့ရကာ လူ ၄ ဦး သေဆုံး၍ ၅၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၈ ရက်တွင် အီရန်အပေါ် အမေရိကန်နှင့် အစ္စရေးက အကြီးစား စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ရာ အီရန်နိုင်ငံ Minab မြို့ရှိ မူလတန်းစာသင်ကျောင်းတစ်ကျောင်း တိုက်ခိုက်ခံခဲ့ရပြီး ကလေးငယ် ၁၆၈ ဦး သေဆုံးခဲ့သည်။ အမေရိကန်စစ်တပ်၏ စုံစမ်းစစ်ဆေးချက်အရ အမေရိကန်သည် အဆိုပါဖြစ်စဉ်အပေါ် တာဝန်ယူရမည်ဟု ကနဦးသတ်မှတ်ထားကြောင်း အမေရိကန်မီဒီယာများက မတ်လတွင် သတင်းဖော်ပြခဲ့သော်လည်း လက်ရှိတိုင် အမေရိကန်စစ်တပ်က ၎င်း၏နောက်ဆုံး စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ (Xinhua)

---------------------

(Chinese Version)

万斯称正在对伊朗婚礼遭袭事件进行调查

新华社华盛顿9月3日电(记者黄强 徐剑梅)美国副总统万斯3日在白宫记者会上表示,美方正在对日前伊朗一场婚礼遭袭事件进行调查。  

万斯在回答记者提问时称,“有时难免会发生这样的事”,美方目前对这一事件“尚无任何确切信息”,美方正在进行调查。他同时表示,对伊朗媒体的报道持“怀疑态度”。  

万斯还说,只要霍尔木兹海峡的船只遇袭事件继续发生,美国就不会与伊朗进行谈判。  

据伊朗媒体1日报道,美军当天夜间对伊朗南部多地发动袭击,波及霍尔木兹甘省库赫斯塔克一场婚礼活动现场,已造成4人死亡、50人受伤。  

2月28日,美国和以色列对伊朗发起大规模军事行动,伊朗南部米纳卜市一所小学遭到袭击,造成168名儿童遇难。据美国媒体3月报道,美军方调查初步认定美方应对这起事件承担责任。但直到目前,美军方还未公布其最终调查结果。(完)

图说:1月8日,在美国首都华盛顿白宫,美国副总统万斯回答记者提问。新华社发(李源清摄)