ရွှေလီ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့ အတူတကွ တွန်းအားပေးမှုဖြင့် ပထမအကြိမ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ (တရုတ်နိုင်ငံ ရွှေလီမြို့) ကို ဇူလိုင် ၂၂ ရက်မှ ၂၅ ရက်အထိ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့တွင် တရားဝင် ကျင်းပမည်ဖြစ်သည်။ ယင်းမှာ နှစ် ၆၀ ကျော် သမိုင်းကြောင်းရှိသော မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ပထမအကြိမ်အဖြစ် ပြည်ပသို့ သွားရောက်ပြသခြင်းဖြစ်ပြီး တရုတ်နိုင်ငံအတွင်း ပုံမှန်အသွင်ဖော်ဆောင်ခြင်းဖြစ်သည်။ (Xinhua)
......................
(Chinese Version)
首届缅甸珠宝公盘(中国瑞丽)即将举办
在中国云南省人民政府和缅甸自然资源与环境保护部共同推动下,首届缅甸珠宝公盘(中国瑞丽)将于7月22日至25日在云南省瑞丽市正式举办。这是拥有60余年历史的缅甸珠宝公盘首次走出本土,常态化落地中国境内。




