
ဟောင်ကောင်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
“ခေတ်သစ် နိုင်ငံရေးရာစီမံခန့်ခွဲမှု မှတ်တမ်း” ပထမတွဲ တရုတ်ရိုးရာစာလုံးမူစာအုပ်ကို မကြာမီရက်ပိုင်း SINO UNITED PUBLISHING (HOLDINGS) LIMITED က ပုံနှိပ်ထုတ်ဝေဖြန့်ချိခဲ့သည်။ ၃၆ ကြိမ်မြောက် ဟောင်ကောင် စာအုပ်ပြပွဲ ပထမနေ့ ဇူလိုင် ၁၅ ရက်တွင် စာအုပ်သစ်မိတ်ဆက်ပွဲကျင်းပခဲ့သည်။
“ခေတ်သစ် နိုင်ငံရေးရာစီမံခန့်ခွဲမှု မှတ်တမ်း” ပထမတွဲတွင် ဆင်ဟွာသတင်းဌာန၏ သတင်းအပုဒ်ရှည် ၂၆ ပုဒ်နှင့် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ သတင်းဓာတ်ပုံ ၄၁ ပုံကို ထည့်သွင်းဖော်ပြထားသည်။ အဆိုပါစာအုပ်သည် အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်၏ အမြော်အမြင်ကြီးမားစွာ ဦးဆောင်မှုဖြင့် တရုတ်နိုင်ငံသည် ပြန်လည်အားသစ်လောင်းရေးဆီသို့ လျှောက်လှမ်းသော သာမညမဟုတ်သည့် ထူးခြားဖြစ်စဉ်များကို စာသား၊ ရုပ်ပုံများဖြင့် ဝေဝေဆာဆာ ဖော်ပြထားရာ ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်၏ အမှန်တရား၏အင်အားနှင့် လက်တွေ့ဖော်ဆောင်မှု၏ ကြီးမားသော အင်အားကို သက်ဝင်ထင်ရှားစွာ ပြသထားသည်။
အဆိုပါ တရုတ်ရိုးရာစာလုံးမူစာအုပ် ထုတ်ဝေဖြန့်ချိခြင်းသည် ဟောင်ကောင်၊ မကာအို နယ်ပယ်အသီးသီးမှ စာဖတ်ပရိသတ်များက ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်၏ အဓိကအနက်အဓိပ္ပာယ်နှင့် ထင်ရှားသည့်လက်တွေ့ဖော်ဆောင်မှုထူးခြားချက်အနှစ်သာရကို နက်ရှိုင်းစွာ သိရှိနားလည်ရန် အထောက်အကူဖြစ်စေသည်။ ထို့အပြင် အထွေထွေအတွင်းရေးမှူးချုပ်၏ အမြော်အမြင်ကြီးမားသော မဟာဗျူဟာအတွေးအခေါ်၊ ပြည်သူများအပေါ်ထားရှိသည့် နက်ရှိုင်းသော မေတ္တာတရားနှင့် မြင့်မြတ်သော စိတ်ဓာတ်ရေးရာ အတုယူဖွယ်များကို စစ်မှန်စွာ ခံစားနားလည်နိုင်စေရန်နှင့် ဟောင်ကောင်၊ မကာအို လူမှုအဖွဲ့အစည်းအသီးသီးအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်၊ ပြည်သူတို့၏ လူမှုဘဝကို ကောင်းမွန်အောင် မြှင့်တင်ပေးရန်၊ နိုင်ငံသိစိတ်နှင့် မျိုးချစ်စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် အရေးပါသော လေ့လာမှုဆိုင်ရာ ဖတ်ရှုဖွယ်ရာအဖြစ် ပံ့ပိုးပေးထားသည်။
ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရ စီမံအုပ်ချုပ်ရေးဌာန၊ ဟောင်ကောင်အခြေစိုက် ဗဟိုအစိုးရဆက်သွယ်ရေးရုံး၏ သက်ဆိုင်ရာတာဝန်ရှိသူများ၊ ဟောင်ကောင်ရှိ မျိုးချစ်အဖွဲ့အစည်းများ၊ နိုင်ငံရေးနှင့်လူမှုရေးအဖွဲ့ကိုယ်စားလှယ်များ၊ ဟောင်ကောင်၏ နိုင်ငံရေးနှင့် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးနယ်ပယ်တို့မှ ကိုယ်စားလှယ်များ၊ ဟောင်ကောင်လူငယ်ကိုယ်စားလှယ်များ စသည်တို့က စာအုပ်သစ် မိတ်ဆက်ပွဲသို့ တက်ရောက်ခဲ့ကြသည်။ ဟောင်ကောင်ရှိ တရုတ်လုပ်ငန်းရှင်များအသင်း၊ ဟောင်ကောင်ရှိ ပညာရေးဝန်ထမ်းများအဖွဲ့ချုပ်တို့မှ တာဝန်ရှိသူများက မိတ်ဆက်ပွဲအခမ်းအနားတွင် စာအုပ်များကို လက်ဆောင်ပေးခဲ့ကြသည်။ ထိုနေ့မှစ၍ “ခေတ်သစ် နိုင်ငံရေးရာစီမံခန့်ခွဲမှု မှတ်တမ်း” ပထမတွဲ တရုတ်ရိုးရာစာလုံးမူစာအုပ်ကို ဟောင်ကောင်နှင့် မကာအိုတို့ရှိ စာအုပ်ဆိုင်ကြီးများတွင် တင်ကာ အဓိက မိတ်ဆက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
《新时代治国理政纪实》第一卷中文繁体版在香港首发
新华社香港7月15日电 《新时代治国理政纪实》第一卷中文繁体版,近日由联合出版(集团)有限公司出版发行。7月15日,第36届香港书展开展首日举办了新书发布会。
《新时代治国理政纪实》第一卷共收入新华社长篇通讯26篇,以及习近平总书记新闻图片41幅,图文并茂展现了习近平总书记高瞻远瞩领航中国走向复兴的非凡历程,生动展示了习近平新时代中国特色社会主义思想的真理力量和实践伟力。该卷中文繁体版的出版发行,有助于港澳各界读者深刻领悟习近平新时代中国特色社会主义思想的核心要义与鲜明实践特质,真切体悟习近平总书记的高远战略思维、深厚为民情怀与崇高精神风范,为港澳社会各界发展经济、改善民生、增强国家意识和爱国精神,提供了重要学习读本。
香港特别行政区政府政务司、中央政府驻港联络办有关负责人,香港爱国爱港机构、政团社团代表,香港政经、文教界代表,香港青年代表等出席新书发布会。香港中国企业协会、香港教育工作者联会有关负责人现场接受赠书。即日起,《新时代治国理政纪实》第一卷中文繁体版在港澳各大书店全面上架并重点推介发售。(完)
1. 《新时代治国理政纪实》第一卷中文繁体版,近日由联合出版(集团)有限公司出版发行。7月15日,第36届香港书展开展首日举办了新书发布会。这是《新时代治国理政纪实》第一卷中文繁体版。新华社发(王申摄)
2. 《新时代治国理政纪实》第一卷中文繁体版,近日由联合出版(集团)有限公司出版发行。7月15日,第36届香港书展开展首日举办了新书发布会。这是新书发布会现场。新华社记者 朱炜 摄







