
နယူးယောက်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်သည် အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်း၊ ပဋိပက္ခ တစ်ဆင့်တိုး အဆင့်မြင့်တက်လာမည်ကို ဈေးကွက်က စိုးရိမ်ပူပန်မှုခြင်းတို့ကြောင့် နိုင်ငံတကာ ရေနံစိမ်းအနာဂတ်ဈေးနှုန်းများသည် ဇူလိုင် ၁၉ ရက်တွင် အရောင်းအဝယ်သီတင်းပတ်အသစ် စတင်ပြီးနောက် ဈေးနှုန်းများ သိသိသာသာမြင့်တက်လာကြောင်း၊ ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် တစ်စည်လျှင် ကန်ဒေါ်လာ ၉၀ ဒေါ်လာထက် ကျော်လွန်လာခဲ့သည်။
အမေရိကန်အရှေ့ပိုင်း စံတော်ချိန် ဇူလိုင် ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX) တွင် ဩဂုတ်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၂.၆၈ ဒေါ်လာ မြင့်တက်ပြီး အမြင့်ဆုံး တစ်စည်လျှင် ကန်ဒေါ်လာ ၈၅.၁၇ ဒေါ်လာဖြင့် ၃.၂၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ စက်တင်ဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းသည် ကန်ဒေါ်လာ ၂.၈၇ ဒေါ်လာမြင့်တက်ပြီး အမြင့်ဆုံး တစ်စည်လျှင် ကန်ဒေါ်လာ ၉၀.၉၇ ဒေါ်လာဖြင့် ၃.၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ဟော်မုဇ်ရေလက်ကြား၌ ရေယာဉ်ဖြတ်သန်းသွားလာမှုပမာဏသည် သုညအထိ ကျဆင်းသွားပြီဖြစ်ကြောင်း၊ အမေရိကန်က ၎င်း၏ ရန်စမှုလုပ်ရပ်ကို ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက အဆိုပါရေလက်ကြားအား ဆက်လက်ပိတ်ဆို့ထားမည်ဖြစ်ကြောင်း အီရန် Fars သတင်းအေဂျင်စီက ဇူလိုင် ၁၉ ရက်တွင် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။
အီရန်အဏုမြူစွမ်းအင်အဖွဲ့သည် ဇူလိုင် ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အမေရိကန်က ထိုနေ့တွင် အီရန်နိုင်ငံ အနောက်တောင်ပိုင်း Darkhovin ဒေသရှိ တည်ဆောက်ဆဲ နျူကလီးယားဓာတ်အားပေးစက်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအား “အကြမ်းဖက်တိုက်ခိုက်မှု” လုပ်ဆောင်ခဲ့ခြင်းကို ပြစ်တင်ရှုတ်ချခဲ့သည်။
ထို့ပြင် အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က လူမှုမီဒီယာ၌ ပို့စ်တင်၍ အမေရိကန်စစ်တပ် ဝန်ထမ်း ၂ ဦးသည် ဇူလိုင် ၁၇ ရက်တွင် ဂျော်ဒန်နိုင်ငံ နယ်နိမိတ်အတွင်း၌ အီရန်၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း၊ အမေရိကန်စစ်တပ် ဝန်ထမ်း ၁ ဦးမှာ ဇူလိုင် ၁၈ ရက်တွင် အီရတ်နိုင်ငံ မြောက်ပိုင်း၌ အီရန်နှင့်စပ်လျဉ်းသည့် မစ်ရှစ်ထမ်းဆောင်စဉ်အတွင်း သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美伊互袭持续 布伦特油价突破每桶90美元
新华社纽约7月19日电(记者刘亚南)由于美国和伊朗在中东地区的军事冲突持续、市场担忧冲突进一步升级,国际原油期货19日在开始新一周交易后价格显著上涨,布伦特原油期货价格突破每桶90美元。
截至美东时间19日18时15分,纽约商品交易所8月交货的轻质原油期货价格最高升至每桶85.17美元,上涨2.68美元,涨幅为3.25%;9月交货的伦敦布伦特原油期货价格最高升至每桶90.97美元,上涨2.87美元,涨幅为3.26%。
伊朗法尔斯通讯社19日援引消息人士的话报道说,霍尔木兹海峡的通航量已降至零,只要美国继续其挑衅行为,该海峡将维持关闭。
伊朗原子能组织19日发表声明,谴责美国当天对伊朗西南部达尔霍温一处在建核电站的工地发动“恐怖袭击”。
此外,美军中央司令部在社交媒体发文证实,两名美军人员17日在约旦境内遭伊朗弹道导弹和无人机攻击身亡,一名美军人员18日在伊拉克北部执行涉伊朗任务时身亡。(完)
图说:这是7月16日在美国加利福尼亚州洛杉矶县的一处加油站拍摄的柴油和汽油价格显示牌。新华社发(曾慧摄)







