လက်ဘနွန်နိုင်ငံ တောင်ပိုင်း တိုင်ယာမြို့တွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦများကို ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ တောင်ပိုင်း တိုင်ယာမြို့တွင် အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အဦများကို ၂၀၂၆ ခုနှစ် မေ ၁၆ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)


ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုသည် ဇူလိုင် ၁၉ ရက်တွင် ခရီးစဉ်လာရောက်သော လက်ဘနွန်နိုင်ငံ သမ္မတ Joseph Aoun နှင့် တွေ့ဆုံ၍ အမေရိကန်-လက်ဘနွန်-အစ္စရေး သုံးဘက်မူဘောင် သဘောတူညီချက် အကောင်အထည်ဖော်မှု အခြေအနေကို ဆွေးနွေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။

နှစ်ဖက်သည် လက်ဘနွန် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့ ပယ်ဖျက်ခြင်း၊ ၎င်း၏ “အကြမ်းဖက်ဝါဒ အခြေခံအဆောက်အဦ” များအား ဖျက်ဆီးခြင်း၊ လက်ဘနွန်နိုင်ငံတွင် ငြိမ်းချမ်းရေးဖော်ဆောင်ခြင်း စသည့် အရေးကိစ္စများကို ဆွေးနွေးခဲ့ကြောင်း၊ အမေရိကန်က သုံးပွင့်ဆိုင် မူဘောင်သဘောတူညီချက် အကောင်အထည်ဖော်ဆောင်မှုအား ထောက်ခံအားပေးသည်ဟု မာကိုရူဘီယိုက ဆွေးနွေးမှုအတွင်း ထပ်လောင်းပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်သည် Joseph Aoun နှင့် ဇူလိုင် ၂၁ ရက်တွင် အိမ်ဖြူတော်၌ တွေ့ဆုံရန် စီစဉ်ထားကြောင်း၊ ယင်းသည် Joseph Aoun က ၂၀၂၅ ခုနှစ် ဇန်နဝါရီလတွင် လက်ဘနွန်နိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ပြီးနောက် အမေရိကန်သမ္မတနှင့် ပထမဆုံးအကြိမ် တရားဝင်တွေ့ဆုံဆွေးနွေးခြင်း ဖြစ်သလို ၂၀၀၉ ခုနှစ်ပြီးနောက် လက်ဘနွန်နိုင်ငံ အကြီးအကဲ အိမ်ဖြူတော်သို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းလည်းဖြစ်ကြောင်း အရှေ့အလယ်ပိုင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

ဇွန် ၂၆ ရက်တွင် လက်ဘနွန်နှင့် အစ္စရေးသည် အမေရိကန်၏ ကြားဝင်စေ့စပ်မှုဖြင့် မူဘောင်သဘောတူညီချက် ရရှိခဲ့သည်။ အဆိုပါသဘောတူညီချက်အရ အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံ တောင်ပိုင်း ဒေသအချို့မှ တစ်ဆင့်ချင်းဆုတ်ခွာသွားမည်ဖြစ်ပြီး လက်ဘနွန်စစ်တပ်က သက်ဆိုင်ရာ ဒေသကို ဆက်လက်တာဝန်ယူကာ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့များ လက်နက်ချခြင်းကို တွန်းအားပေး၍ နောက်ဆုံးတွင် အပစ်ရပ်မှုနှင့် ရေရှည်ငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် အခြေအနေဖန်တီးပေးမည်ဖြစ်သည်။

သို့သော် လက်ဘနွန်မီဒီယာများ၏ သတင်းဖော်ပြချက်အရ ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးစစ်တပ်နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းရန် ငြင်းပယ်ခဲ့ပြီး အဆိုပါမူဘောင်သဘောတူညီချက်အား အကောင်အထည်ဖော်ရန် ကြိုးပမ်းသည့် မည်သည့်အသွင်ပုံစံဖြင့် လှုပ်ရှားမှုကိုမဆို ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ လက်နက်ချသွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ မူဘောင်သဘောတူညီချက် ရရှိပြီးနောက် အစ္စရေးအနေဖြင့် လက်ဘနွန်နိုင်ငံပြည်တွင်းပစ်မှတ်များအပေါ် အကြိမ်များစွာ စစ်ရေးတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သေးကြောင်း သိရသည်။

လက်ဘနွန်နှင့် အစ္စရေး နှစ်ဖက်သည် ဇူလိုင် ၁၄ ရက်တွင် အီတလီနိုင်ငံ မြို့တော်ရောမ၌ အသစ်တစ်ကြိမ် ဆွေးနွေးညှိနှိုင်းမှုလုပ်ဆောင်ခဲ့ပြီး မူဘောင်သဘောတူညီချက် အကောင်အထည်ဖော်ရေး၊ အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းမှ ဆုတ်ခွာရေး စသည့် အရေးကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းခဲ့သည်။ နှစ်ဖက်သည် အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံ တောင်ပိုင်း၏ ပထမဆုံးအသုတ် “စမ်းသပ်ဒေသ” နှစ်ခုမှ စစ်တပ်ဆုတ်ခွာခြင်းနှင့် နောက်ဆက်တွဲ လက်ဘနွန်စစ်တပ်များ ဝင်ရောက်အခြေစိုက် ဖြန့်ကြက်ခြင်း ယန္တရားနှင့် စပ်လျဉ်း၍ တိုးတက်မှု ရရှိခဲ့သည်ဟု သတင်းများအရ သိရသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

鲁比奥与黎巴嫩总统讨论美黎以框架协议落实情况

新华社华盛顿7月19日电(记者徐剑梅)美国国务院19日说,美国务卿鲁比奥当天会见来访的黎巴嫩总统奥恩,讨论美黎以三方框架协议的落实情况。  

美国国务院发表声明说,双方讨论了解除黎巴嫩真主党武装、摧毁其“恐怖主义基础设施”、在黎实现和平等事宜,鲁比奥在会谈中重申美国支持落实三方框架协议。  

据中东媒体报道,美国总统特朗普定于21日在白宫会见奥恩,这将是奥恩2025年1月就任黎总统以来首次与美国总统举行正式会晤,也是2009年以来黎巴嫩国家元首首次访问白宫。  

6月26日,黎巴嫩、以色列在美国斡旋下达成框架协议。根据协议,以军将逐步撤出黎南部部分地区,黎军队接管相关区域,并推动当地武装组织解除武装,为最终实现停火和长期和平创造条件。但据黎媒体报道,真主党拒绝与以军直接谈判,并表示将抵制任何试图执行该框架协议的行动,不会放弃武装。框架协议达成后,以色列仍多次对黎巴嫩境内目标发动军事打击。  

7月14日,黎以双方在意大利首都罗马举行新一轮会谈,就落实框架协议、推动以军撤离黎巴嫩南部等问题展开磋商。据报道,双方在以军从黎南部首批两个“试点区域”撤军,以及后续黎巴嫩军队进驻部署机制问题上取得进展。(完

图说:这是5月16日在黎巴嫩南部提尔拍摄的遭以军空袭损毁的建筑(手机照片)。新华社发(阿里·哈希绍摄