ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် တောမီးကြောင့် မီးခိုးအမှုန်များ ပျံ့နှံ့နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကနေဒါနိုင်ငံ တိုရွန်တိုမြို့တွင် တောမီးကြောင့် မီးခိုးအမှုန်များ ပျံ့နှံ့နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အော့တဝါ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီ (PHAC) က ဇူလိုင် ၁၉ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ အီဘိုလာဗိုင်းရပ်စ် ကနေဒါနိုင်ငံ ပြည်တွင်းသို့ ဝင်ရောက်ပြီး ကနေဒါပြည်တွင်း၌ ပျံ့နှံ့မှုအန္တရာယ်အား လျှော့ချရန်အတွက် ယာယီပြည်ဝင်မှုကန့်သတ်ချက် အစီအမံအသစ်အား ကျင့်သုံးကြောင်း ကြေညာခဲ့သည်။

ကနေဒါနိုင်ငံ အရှေ့ပိုင်း စံတော်ချိန် လွန်ခဲ့သည့် ၂၁ ရက်မှစ၍ ဇူလိုင် ၂၀ ရက် ည ၁၁ နာရီ ၅၉ မိနစ်အထိ ကွန်ဂိုနိုင်ငံ (DRC) ၏ သွားရောက်ခဲ့ဖူးသည့် မည်သည့်နိုင်ငံခြား နိုင်ငံသားမဆို ကနေဒါနိုင်ငံသို့ ပြည်ဝင်ခြင်းအား တားမြစ်မည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ကနေဒါနိုင်ငံအစိုးရသည် သက်ဆိုင်ရာ လေကြောင်းပို့ဆောင်ရေးဥပဒေအရ လေကြောင်းလိုင်းကုမ္ပဏီများကို ထိုအမျိုးအစား နိုင်ငံခြား ပြည်သူများ လေယာဉ်စီးနင်းလိုက်ပါ၍ ကနေဒါသို့ လာရောက်ခြင်း ခွင့်မပြုရန်လည်း တောင်းဆိုထားကြောင်း ကြေညာချက်တွင် ဆိုထားသည်။

လက်ရှိတွင် အီဘိုလာရောဂါဖြစ်ပွားမှုကြောင့် ကနေဒါပြည်သူများ၏ ကျန်းမာရေးအန္တရာယ်သည် အတန်အသင့် နည်းသည့်အဆင့်တွင်ရှိနေပြီး ကနေဒါပြည်တွင်း၌လည်း သက်ဆိုင်ရာ ခရီးသွားမှုကြောင့် ဝင်ရောက်လာသည့် အတည်ပြုလူနာများ အစီရင်ခံတင်ပြခြင်း မရှိသေးကြောင်း၊ ယာယီပြည်ဝင်ခွင့် အကန့်အသတ် အစီအမံသည် သတိထားလုပ်ကိုင်သည့် ထည့်သွင်းစဉ်းစားချက်ကြောင့်သာဖြစ်ကြောင်း ကနေဒါနိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီ (PHAC) က ဆိုသည်။

ကနေဒါနိုင်ငံ ပြည်သူ့ကျန်းမာရေးအေဂျင်စီ (PHAC) သည် မေ ၂၆ ရက်တွင်လည်း ယာယီပြည်ဝင်ခွင့် အကန့်အသတ် အစီအမံကို ထုတ်ပြန်ခဲ့ဖူးပြီး မေ ၂၇ ရက်မှစ၍ လာမည့် ရက် ၉၀ အတွင်း ကွန်ဂိုနိုင်ငံ (DRC)၊ ယူဂန္ဓာနှင့် တောင်ဆူဒန် အာဖရိကနိုင်ငံ သုံးနိုင်ငံတွင်နေထိုင်သူများ ကနေဒါနိုင်ငံသို့ ပြည်ဝင်ခြင်းကို ကန့်သတ်ခဲ့သည်။ တစ်ချိန်တည်းတွင် ကနေဒါဘက်က အဆိုပါနိုင်ငံတွင် နေထိုင်သူများ၏ ဗီဇာလျှောက်ထားမှု စိစစ်ခွင့်ပြုမှုကိုလည်း ယာယီရပ်ဆိုင်းခဲ့သည်။ (Xinhua)

ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Bunia မြို့ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများ ပိုးသတ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) Ituri ပြည်နယ် Bunia မြို့ရှိ အီဘိုလာရောဂါ ကုသရေးစင်တာတစ်ခုတွင် ကျန်းမာရေးဝန်ထမ်းများ ပိုးသတ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

加拿大实施新入境限制措施 严防埃博拉疫情输入

新华社渥太华7月19日电(记者林威)加拿大公共卫生局19日发表声明,宣布实施新的临时入境限制措施,以降低埃博拉病毒传入加拿大并在加境内传播的风险。  

声明称,自加东时间20日23时59分起,过去21天内到访过刚果(金)的任何外国公民将被禁止入境加拿大。同时,加政府根据相关航空法要求航空公司不得允许此类外国公民登机前往加拿大。  

加拿大公共卫生局表示,目前埃博拉疫情对加拿大人的健康风险仍处于较低水平,且加境内迄今尚未报告过相关旅行输入病例,临时入境措施完全是出于谨慎考量。  

加拿大公共卫生局5月26日曾出台系列临时入境限制措施,自5月27日起在未来90天内禁止刚果(金)、乌干达和南苏丹三个非洲国家的居民入境加拿大。加方同时暂停审批这些国家居民的签证申请。(完

图说1:7月15日,加拿大多伦多市区笼罩在山火扩散的烟尘中新华社发(邹峥摄

图说2:7月6日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员进行消杀工作新华社