
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာနနှင့် ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာနသည် ဇူလိုင် ၂၀ ရက်တွင် မီဒီယာပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါစာရွက်စာတမ်းကို ထိုင်းနိုင်ငံ ဝန်ကြီးချုပ် အနူတင်၏ တရုတ်နိုင်ငံခရီးစဉ်ရလဒ် စာရင်းအတွင်း ထည့်သွင်းခဲ့သည်။
ထိုင်းနိုင်ငံ ပြည်သူ့ဆက်ဆံရေးဌာနသည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ရုံးလက်အောက်တွင်ရှိပြီး ထိုင်းနိုင်ငံအစိုးရ၏ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းတာဝန်အား တာဝန်ယူထားသည့်ဌာနဖြစ်သည်။ ဆင်ဟွာသတင်းဌာနနှင့် ၎င်းအဖွဲ့အစည်းအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းသည် နှစ်ဖက်က မီဒီယာလည်ပတ်ခြင်းဆိုင်ရာ စီမံခန့်ခွဲမှု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းမှု၊ ဉာဏ်ရည်တု (AI) နည်းပညာ လက်တွေ့အသုံးပြုမှု စသည့်ကဏ္ဍများ၌ ပူးပေါင်းဖလှယ်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရသည်။ (Xinhua)
-------------------------------------------------------------------------------------
(Chinese Version)
新华社同泰国机构签署合作文件
新华社北京7月20日电 新华社与泰国民众联络厅20日签署关于加强媒体合作的谅解备忘录。该文件被列入泰国总理阿努廷访华成果清单。
泰国民众联络厅隶属泰国总理府,是泰国政府负责公共关系的职能部门。新华社与该机构签署的谅解备忘录,旨在加强双方在媒体运营管理、数字化转型、人工智能应用等方面的交流合作。(完)







