
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဂျပန်အာဏာရ အစိုးရ၏ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကိုချိုးဖောက်သော၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အား အရှိန်မြှင့်တင်သော မှားယွင်းသည့်ရွေးချယ်မှုသည် ပြည်သူများ နှစ်သက်ခြင်းခံရမည် မဟုတ်ကြောင်း၊ ဂျပန်အာဏာရ အစိုးရက နျူကလီးယားအရေးတွင် အခြေအနေအား ဆက်လက် မှားယွင်းစွာ ဆုံးဖြတ်နေပြီး “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန် ခေါင်းမာစွာ တွန်းအားပေးကာ မဟာမိတ်နိုင်ငံ၏ နျူကလီးယားလက်နက်များအား ဂျပန်နိုင်ငံ၌ ဖြန့်ကြက်မှုကို တင်သွင်းဆောင်ရွက်နေမည်ဆိုပါက နောက်ဆုံးတွင် အဖိုးအခကြီးကြီးကို မုချ ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် လျင်ကျန့်က ဇူလိုင် ၂၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဆာနာအဲ တာကာအိချိ အစိုးရ အာဏာရလာသည့်အချိန်မှစ၍ ဂျပန်တွင် ဟီရိုရှီးမား၊ နာဂါဆာကီ စသည့် ဒေသန္တရလွှတ်တော် ၈၂ ခုက ဗဟိုအစိုးရ သို့မဟုတ် လွှတ်တော်ထံသို့ အကြံပြုလွှာတင်ပြ၍ ဆာနာအဲ တာကာအိချိအစိုးရအနေဖြင့် “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို စွဲမြဲစွာ လက်ကိုင်ထားရန် သို့မဟုတ် ၎င်းအား ဥပဒေအဖြစ် ပြဋ္ဌာန်းရန် တောင်းဆိုခဲ့သည်ဟု သတင်းများအရ သိရကြောင်း၊ ထိုမတိုင်မီ ဂျပန်အာဏာရညွန့်ပေါင်းအစိုးရ၏ ဂျပန်ဆန်းသစ်တီထွင်ရေးပါတီ (JIP) က “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အား ပြင်ဆင်မှုအတွက် ဆွေးနွေးရန် ဂျပန်အစိုးရထံအကြံပြုခဲ့ကြောင်း၊ ယင်းအပေါ် တရုတ်ဘက်က မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ဂျပန်ဒေသန္တရလွှတ်တော်က “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အား ခိုင်မြဲစွာ လက်ကိုင်ထားရန် ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပြီး ၎င်း၏နောက်ကွယ်တွင် ငြိမ်းချမ်းရေးအား မျှော်လင့်သော ပြည်သူ့ဆန္ဒကို ထင်ဟပ်နေကြောင်း၊ ဂျပန်အာဏာရအစိုးရ၏ ငြိမ်းချမ်းရေး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်သော၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အား အရှိန်မြှင့်တင်သော မှားယွင်းသည့်ရွေးချယ်မှုသည် ပြည်သူများ နှစ်သက်ခြင်းခံရမည် မဟုတ်ကြောင်းကို ဖော်ပြနေကြောင်း၊ ဂျပန်အာဏာရအစိုးရအနေဖြင့် နျူကလီးယားအရေးတွက် တဇွတ်ထိုးဆန်စွာ အများဆန္ဒကို ဆန့်ကျင်၍ မလုပ်ဆောင်သင့်ကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။
ဆာနာအဲ တာကာအိချိ စတင် တာဝန်ထမ်းဆောင်သည့်အချိန်မှစ၍ ဂျပန်လက်ယာယိမ်းအင်အားစု၏ စစ်ဝါဒကို ပြန်လည်အသက်သွင်းခြင်း၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” အား ထိုးဖောက်ခြင်း၊ ကိုယ်ပိုင်နျူကလီးယား ပိုင်ဆိုင်မှုဆီသို့ လျှောက်လှမ်းခြင်း ဟူသည့် ရမ္မက်လောဘများ အကြွင်းမဲ့ ပေါ်လွင်လာပြီး မှားယွင်းသော လမ်းကြောင်းထက်တွင် အရှိန်မြှင့်ချီတက်လျက်ရှိကြောင်း လျင်ကျန့်က ထောက်ပြ ပြောကြားခဲ့သည်။
ဂျပန်အာဏာပိုင်အစိုးရက နျူကလီးယားအရေးတွင် အခြေအနေအား ဆက်လက် မှားယွင်းစွာ ဆုံးဖြတ်နေပြီး “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ကို ပြင်ဆင်ရန် ခေါင်းမာစွာ တွန်းအားပေးကာ မဟာမိတ်နိုင်ငံ၏ နျူကလီးယားလက်နက်များအား ဂျပန်နိုင်ငံ၌ ဖြန့်ကြက်မှုကို တင်သွင်းဆောင်ရွက်နေမည်ဆိုပါက ဒုတိယကမ္ဘာစစ်အလွန် နိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာ နျူကလီးယား မပြန့်ပွားရေးစနစ်အပေါ် ဆိုးရွားစွာ ရန်စမှုဖြစ်ရုံသာမက ဂျပန်ကိုယ်တိုင်၏ ငြိမ်းချမ်းရေးကတိကဝတ်ကို ချိုးဖောက်ခြင်း၊ ဂျပန်နိုင်ငံပြည်တွင်း ယေဘုယျပြည်သူ့ဆန္ဒကို ဆန့်ကျင်ခြင်းလည်းဖြစ်ရာ နောက်ဆုံးတွင် ယင်းအတွက် အဖိုးအခကြီးကြီးကို မုချ ပေးဆပ်ရလိမ့်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
“ဂျပန်က ‘နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်’ ရဲ့ နျူကလီးယားလက်နက်မရှိသော စာချုပ်ဝင်နိုင်ငံဖြစ်ပါတယ်။ နျူကလီးယားလက်နက်အား လက်မခံခြင်း၊ မထုတ်လုပ်ခြင်း၊ မပိုင်ဆိုင်ခြင်း၊ မပြန့်ပွားစေခြင်းဟာ ဂျပန်နိုင်ငံရဲ့ ငြင်းဆိုလို့မရသလို ရှောင်လွှဲလို့မရတဲ့ နိုင်ငံတကာဥပဒေအရ တာဝန်တွေဖြစ်ပြီး ဂျပန်ဘက်က ဈေးဆစ်ပိုင်ခွင့်မရှိပါဘူး” ဟု လျင်ကျန့်က ဆိုသည်။
“ဆာနာအဲ တာကာအိချိက ယခုနှစ် ဖေဖော်ဝါရီလမှာ ‘နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်’ ကို လက်ကိုင်ထားမယ်လို့ ထပ်လောင်းပြောကြားခဲ့မှု၊ မေလက ‘နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်’ စိစစ်ရေးညီလာခံ တက်ရောက်တဲ့ ဂျပန်ကိုယ်စားလှယ်က ‘နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်’ ရပ်တည်ချက်ကို မပြောင်းလဲဘူးလို့ အကြိမ်ကြိမ် အတည်ပြုခဲ့မှုတွေက နားထဲမှာ စွဲထင်နေဆဲပါ။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ယင်းအပေါ် စောင့်ကြည့်လျက်ရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဂျပန်နိုင်ငံ ပြည်တွင်းမှ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးသူ လူပုဂ္ဂိုလ်အားလုံးက ဂျပန်အာဏာရအစိုးရမှ “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” အား လက်တွေ့ထမ်းဆောင်ရန်၊ “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” နှင့် နျူကလီးယား ပိုင်ဆိုင်ရန် ကြိုးပမ်းမှုအား လုံးဝစွန့်လွှတ်ရန်၊ “နျူကလီးယားကင်းစင်ရေး အခြေခံမူသုံးရပ်” ပြင်ဆင်မှု တွန်းအားပေးခြင်းအား ရပ်တန့်ရန်၊ အခြားနိုင်ငံများနှင့်အတူ “ဟန့်တားမှုတိုးချဲ့ရေး” ဟူသည့် ပူးပေါင်းဆောင်ရွက်မှုအား ရပ်တန့်ရန်၊ မဟာမိတ်နိုင်ငံ၏ နျူကလီးယားလက်နက် တင်သွင်းမှုအတွက် မကြိုးပမ်းဟု ကတိပြုရန် တိုက်တွန်းပြီး အကဲဆတ်သော နျူကလီးယားကုန်ကြမ်းပစ္စည်းများ ပံ့ပိုးမှုနှင့် လိုအပ်မှုအကြား ပြင်းထန်စွာ ဟန်ချက်မညီသည့် ပြဿနာအား ချက်ချင်းထိရောက်သည့်အစီအမံလုပ်ဆောင်၍ ဖြေရှင်းရန်၊ လက်တွေ့လှုပ်ရှားမှုဖြင့် အာရှတိုက် အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ယုံကြည်မှုကို ရယူရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းကြောင်း လျင်ကျန့်က ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
外交部:日本当局在核问题上错判形势将付出沉重代价
新华社北京7月20日电(记者吴梦桐、曹嘉玥)外交部发言人林剑20日在例行记者会上表示,日本执政当局背离和平宪法、加速“再军事化”的错误选择不得人心。如果日本执政当局在核问题上继续错判形势,执迷不悟推进修改“无核三原则”、引进盟国核武器在日部署,最终必将付出沉重代价。
有记者问:据报道,自高市早苗政府上台以来,日本已有广岛、长崎等82个地方议会向中央政府或国会提交意见书,要求高市政府坚持“无核三原则”或将其法制化。此前,日本执政联盟的日本维新会向日本政府建议讨论修改“无核三原则”。请问中方对此有何评论?
林剑说,日本地方议会强烈呼吁坚持“无核三原则”,背后反映的是向往和平的民意,表明日本执政当局背离和平宪法、加速“再军事化”的错误选择不得人心。日本执政当局切莫在核问题上一意孤行、逆流而动。
林剑指出,高市早苗上台以来,日本右翼势力复活军国主义、突破“无核三原则”、走向自主拥核的野心暴露无遗,在错误道路上狂飙突进。如果日本执政当局在核问题上继续错判形势,执迷不悟推进修改“无核三原则”、引进盟国核武器在日部署,不仅是对二战后国际秩序和国际核不扩散体系的严重挑衅,更违背日本自身和平承诺,违抗日本国内普遍民意,最终必将为此付出沉重代价。
“日本是《不扩散核武器条约》无核武器缔约国,不接受、不制造、不拥有、不扩散核武器是日本不容辩驳、不得推卸的国际法义务,没有日方讨价还价的余地。”林剑说,“高市早苗今年2月还重申坚持‘无核三原则’,出席5月《不扩散核武器条约》审议大会的日本代表多次确认不改变‘无核三原则’立场,言犹在耳。国际社会对此拭目以待。”
林剑说,中方呼吁国际社会和日本国内所有爱好和平人士,敦促日本执政当局切实履行《不扩散核武器条约》义务,彻底放弃“再军事化”和拥核企图,停止推动修改“无核三原则”,停止同别国开展所谓“延伸威慑”合作,承诺不谋求引进盟国核武器,并立即采取有效措施解决敏感核材料供需严重失衡问题,以实际行动取信于亚洲邻国和国际社会。(完)







