
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်သည် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အင်ဒီ ဘာနမ်အား ဇူလိုင် ၂၀ ရက်က ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဗြိတိန်နိုင်ငံတို့သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်သကဲ့သို့ ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံများလည်းဖြစ်သည်ဟု လီက ပြောကြားခဲ့သည်။ ပိုမိုအားကောင်းသော အပြန်အလှန်ဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့က နှစ်နိုင်ငံစလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးရုံသာမက ကမ္ဘာ့ငြိမ်းချမ်းရေး တည်ငြိမ်မှု ပိုမိုအားကောင်းရေးကိုလည်း အားဖြည့်ပံ့ပိုးလျက်ရှိသည်ဟု ၎င်းက ဆိုသည်။
ချိတ်ဆက်ဆောင်ရွက်မှု ခိုင်မာအားကောင်းရေး၊ အပြန်အလှန်ယုံကြည်မှု နက်နက်ရှိုင်းရှိုင်းရှိရေး၊ ကူးလူးဆက်ဆံမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ချဲ့ထွင်ရေး၊ ရေရှည်တည်တံ့၍ တည်ငြိမ်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ဖော်ဆောင်ရေး၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ ပြည်သူများအတွက် ပိုမိုကျယ်ပြန့်သော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရေးအတွက် ဘာနမ်နှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း လီက ပြောကြားခဲ့သည်။ (Xinhua)
...............................................................
(English Version)
Chinese premier congratulates Burnham on assuming office as British PM
BEIJING, July 20 (Xinhua) -- Chinese Premier Li Qiang congratulated Andy Burnham on Monday on assuming office as British prime minister.
Li said China and Britain are both permanent members of the UN Security Council and major global economies. Stronger dialogue and cooperation will not only advance the development of both countries but also contribute to greater stability in global peace, he said.
Li expressed his readiness to work with Burnham to strengthen engagement, deepen mutual trust, expand exchanges and cooperation, and advance the long-term and stable comprehensive strategic partnership, bringing greater benefits to both countries and their peoples.
English Caption
Li Qiang presides over a meeting bringing together the national science and technology award conference, the general assemblies of the members of the Chinese Academy of Sciences (CAS) and the Chinese Academy of Engineering (CAE), and the 11th national congress of the China Association for Science and Technology at the Great Hall of the People in Beijing, capital of China, July 8, 2026. (Xinhua/Huang Jingwen)







