
ကျီနန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
နွေခေါင်ခေါင်တွင် ပုစဉ်းရင်ကွဲ အသံများ သာယာစွာ ထွက်ပေါ်နေပြီး တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ်၊ ကျီးပေါ်မြို့၊ ရီယွမ်ခရိုင်၊ ရှီချောင်းမြို့နယ်၊ ဟေးရာကျေးရွာရှိ မီးရောင်ထိန်လင်းနေသော အခန်းတစ်ခန်းအတွင်း ရယ်မောသံများဖြင့် ပြည့်နှက်လျက်ရှိသည်။ ဤနေရာမှာ “တံတားထက်မှ သက်တံရောင်စုံသကြားလုံး” လူမှုကူညီရေး ကလေးထိန်းကျောင်း ဖြစ်သလို ကျေးရွာထဲမှ ကလေးငယ်များအတွက် ပျော်ရွှင်စရာ နွေရာသီ ကမ္ဘာငယ်လေးတစ်ခုလည်း ဖြစ်သည်။
ဟေးရာကျေးရွာသည် တောင်တန်းများအကြား တောနက်ထဲတွင် တည်ရှိပြီး ကျေးရွာအတွင်း မိဘအများအပြားမှာ အိမ်နှင့် ဝေးသောနေရာများသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသဖြင့် ကျောင်းပိတ်ရက်များ၌ ကလေးငယ်များကို ကြည့်ရှုစောင့်ရှောက်မည့်သူ မရှိခြင်းသည် မိဘများအတွက် နောက်ဆံတင်းရသည့်ကိစ္စများအနက် တစ်ခု ဖြစ်ခဲ့သည်။ မိဘနှင့်ကင်းကွာနေသော ကလေးငယ်များ၏ ကျောင်းပိတ်ရက်အတွင်း ထိန်းသိမ်းစောင့်ရှောက်ရေး အခက်အခဲကို ဖြေရှင်းရန်နှင့် ကျေးရွာသူကျေးရွာသားများ၏ အရေးတကြီး မျှော်လင့်တောင့်တမှုများကို လက်တွေ့ကျ တုံ့ပြန်ရန်အတွက် ၂၀၂၀ ပြည့်နှစ်တွင် ဟေးရာကျေးရွာ၏ “ကွန်မြူနစ်ပါတီကော်မတီနှင့် ကျေးရွာအုပ်ချုပ်ရေးကော်မတီ” က ကျေးရွာတွင်းရှိ အရင်းအမြစ်များကို ပြန်လည်အသုံးချကာ ကျေးရွာရုံးနှင့် အစည်းအဝေးခန်းမကို အဆင့်မြှင့်တင် ပြင်ဆင်၍ “တံတားထက်မှ သက်တံရောင်စုံသကြားလုံး” လူမှုကူညီရေး ကလေးထိန်းကျောင်းကို သေချာစွာ ဖန်တီးပုံဖော်ခဲ့ပြီး တောင်ပေါ်ကျေးရွာမှ ကလေးငယ်များအတွက် ကျောင်းပိတ်ရက်များတွင် အဖော်ပြုပေးခြင်း၊ ကြီးပြင်းတိုးတက်စေခြင်းတို့ကို ရရှိစေခဲ့သည်။
ကလေးထိန်းကျောင်း၏ သင်ခန်းစာအကြောင်းအရာများသည် စုံလင်လှပေသည်။ ဤနေရာတွင် ကလေးငယ်များက အပေါင်းအဖော်များနှင့်အတူ နွေရာသီကျောင်းပိတ်ရက်အိမ်စာများကို ပြီးမြောက်အောင်နှင့် တိုးတက်မှုရှိအောင် အပြန်အလှန်အားပေးကြသည်။ တစ်ချိန်တည်းတွင်ပင် စာသင်ခန်း၌ တော်လှန်ရေး အနီရောင်အကြောင်းအရာ ဟောပြောမှုများ၊ စိတ်ဝင်စားဖွယ် ကိုယ်လက်လှုပ်ရှားအားကစားများ၊ သိပ္ပံဗဟုသုတအကြောင်းအရာများ စသည့် ထူးခြားသော အစီအစဉ်များကို ပုံမှန်ဖွင့်လှစ်ပေးကာ ကလေးငယ်များ၏ စိတ္တ၊ ဉာဏ အပြင် အမြင်ကျယ်အောင်လည်း သင်ကြားပေးသည်။ ကျေးရွာကလည်း နွေးထွေးစွာပင် ကလေးများအတွက် အခမဲ့ နေ့လယ်စာပြင်ဆင်ပေးပြီး ကလေးငယ်များ၏ ကျောင်းပိတ်ရက်ကို ကျန်းမာပျော်ရွှင်၍ ပြည့်ဝစုံလင်စွာ ဖြတ်သန်းနိုင်ရန် ပံ့ပိုးပေးသည်။
အချိန်သည် ဒီရေပမာတသွင်သွင် စီးဆင်းနေသော်လည်း နွေးထွေးမှုများမှာ စဉ်ဆက်မပြတ် တည်ရှိနေဆဲပင်။ ကလေးထိန်းကျောင်း ရေရှည် နွေးနွေးထွေးထွေးလည်ပတ်နိုင်စေရန် ကျေးရွာက ကျေးရွာအမာခံဝန်ထမ်းများကို အလှည့်ကျတာဝန်ထမ်းဆောင်စေပြီး တစ်ချိန်တည်းတွင်ပင် ဇာတိပြန်တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများနှင့် စေတနာရှင်များကို ခေါ်ယူကာ စေတနာ့ဝန်ထမ်းဝန်ဆောင်မှုအဖွဲ့ ဖွဲ့စည်း၍ ကလေးများ၏ အားလပ်ရက်များကို အတူ စောင့်ရှောက်စေလျက်ရှိပေသည်။
နွေးထွေးသော အဖော်ပြုပေးခြင်းက တောင်ပေါ်ကျေးရွာ၏ နွေရက်များကို အရောင်အသွေးစုံလင်၍ တောက်ပစေခဲ့သည်။ ဟေးရာကျေးရွာရှိ ကလေးငယ်များက ဤနေရာတွင် နွေရာသီကျောင်းပိတ်ရက် ဖြတ်သန်းရခြင်းသည် သက်တံရောင်စုံသကြားလုံးကဲ့သို့ အရောင်အဆင်းပြည့်စုံ၍ ချိုမြိန်ကာ ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေသည်ဟု ဆိုခဲ့သည်။
“တံတားထက်မှ သက်တံရောင်စုံသကြားလုံး” ကရုဏာ ကလေးထိန်းကျောင်းသည် နွေးထွေးမှုဖြင့် စောင့်ရှောက်ပေးကာ တောင်ပေါ်ကျေးရွာမှ ကလေးများ၏ ငယ်ဘဝကို အရောင်အသွေး စုံလင်စေပြီး တောင်ပေါ် တောနက်ပိုင်းဒေသက ကလေးများကို သာယာလှပသော ကျောင်းပိတ်ရက်များ ဖြတ်သန်းစေခဲ့သည်။ (Xinhua)
…………………………
(Chinese Version)
图片故事丨这里的暑假是甜的!
新华社照片,济南,2026年7月20日
盛夏蝉鸣悠悠,在山东省淄博市沂源县石桥镇黑崖村,一间明亮的屋子里笑语盈盈。这里是“桥见彩虹糖”公益托管课堂,也是村里孩子们一方快乐的夏日小天地。
黑崖村深藏群山之中,村内外出务工的家长较多,假期里孩子无人照料,始终是家长们最牵挂的心事之一。为破解留守儿童假期管护难题,切实回应村民的急难愁盼,2020年,黑崖村“两委”盘活村里资源,将村办公室和会议室改造升级,精心打造“桥见彩虹糖”公益托管课堂,让山村孩子的假期有陪伴、有成长。
托管课堂的课程内容丰富多彩。在这里,孩子们结伴完成暑假作业,互相督促进步。同时,课堂常态化开设红色故事宣讲、趣味体育运动、科普课堂等特色活动,为孩子们拓宽视野、启迪心智。村里更是贴心地为孩子们准备了免费午餐,保障孩子们的假期过得健康又充实。
光阴流转,温暖从未间断。为让托管课堂长效暖心运营,村里安排村干部轮流值守,同时积极招募返乡大学生和爱心人士,组建起志愿服务队伍,为孩子们的假期保驾护航。
温暖的陪伴,绚烂了山村的夏日。黑崖村的孩子们说,在这里度过的暑假就像彩虹糖,缤纷甜蜜、盛满欢喜。“桥见彩虹糖”爱心托管课堂用温柔的守护,为山村少年的童年添彩,让大山深处的孩子们度过美好假期时光。
图说1:7月18日,在山东省淄博市沂源县石桥镇黑崖村,志愿者(左三)辅导孩子写生。 新华社发(赵东山摄)
图说2:在山东省淄博市沂源县石桥镇黑崖村,参加“桥见彩虹糖”爱心托管课堂的孩子们在做游戏(无人机照片,7月19日摄)。新华社发(赵东山摄)







