ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ဒေ့ါမွန်အသင်းနှင့် စိန့်ပေါ်လီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ကာရင်မ် အဒီယီမီ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ ဒေ့ါမွန်မြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက်က ဒေ့ါမွန်အသင်းနှင့် စိန့်ပေါ်လီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါ ဘောလုံးပွဲစဉ်၌ ဒေ့ါမွန်အသင်းမှ ကာရင်မ် အဒီယီမီ ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ဘွန်ဒက်စ်လီဂါ၏ အသင်းကြီးတစ်သင်းဖြစ်သည့် ဒေ့ါမွန်အသင်းထံမှ ဂျာမန်တိုက်စစ်ကစားသမား ကာရင်မ် အဒီယီမီအား ခေါ်ယူလိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၂၂ ရက်တွင် တရားဝင်ကြေညာမည်ဖြစ်ကာ အဆိုပါကစားသမားအား ပရိသတ်များ၊ မီဒီယာများနှင့်လည်း မိတ်ဆက်ပေးမည်ဖြစ်ကြောင်း ဘာစီလိုနာအသင်း ဥက္ကဋ္ဌ ယိုအန် လာပေါ်တာက ဇူလိုင် ၂၁ ရက်၌ ပြောကြားခဲ့သည်။

လာပေါ်တာက ကမ္ဘာ့ဖလား ဗိုလ်လုပွဲသို့ တက်ရောက်အားပေးခဲ့ပြီးနောက် ဘာစီလိုနာ လေဆိပ်သို့ ရောက်ရှိလာချိန်တွင် အဆိုပါသတင်းကို အတည်ပြုခဲ့ခြင်းဖြစ်သည်။ အသက် ၂၄ နှစ်အရွယ် အဒီယီမီမှာ လွန်ခဲ့သည့်သီတင်းပတ်က ဘာစီလိုနာသို့ ရောက်ရှိလာခဲ့သော်လည်း လာပေါ်တာ၏ နယူးယောက် ခရီးစဉ်ကြောင့် အဆိုပါကစားသမားအား ခေါ်ယူကြောင်း တရားဝင်ကြေညာရန် ကြန့်ကြာနေခဲ့ခြင်းဖြစ်သည်။

တောင်ပံနှစ်ဖက်လုံးတွင်သာမက ကွင်းလယ်၌ပါ ကစားနိုင်သည့် အဒီယီမီမှာ ၎င်း၏အသင်းဟောင်း ဒေ့ါမွန်အတွက် ၁၄၆ ပွဲ ကစားခဲ့ကာ ၃၆ ဂိုး သွင်းယူခဲ့ပြီးနောက် လာလီဂါချန်ပီယံအသင်းနှင့် ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဇွန်လကုန်၌ ဘာစီလိုနာအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့သည့် ရောဘတ် လီဝန်ဒေါစကီး၏ နေရာတွင် ဝင်ရောက်ကစားနိုင်ဖွယ်ရှိကာ ရူနီ ဘာ့ဂျ်ဂျီမှာမူ လွန်ခဲ့သည့် ဘောလုံးရာသီ၌ ပုံမှန်ပွဲထွက်ကစားခွင့် ပျောက်ဆုံးခဲ့ပြီးနောက် အငှားထွက်ကစားရဖွယ်ရှိသည်။

ဂျာမနီအသင်းအတွက် ၁၁ ပွဲ ကစားထားသည့် အသက် ၂၄ နှစ်အရွယ် အဒီယီမီမှာ နယူးကာဆယ်ယူနိုက်တက်အသင်းမှ အင်္ဂလန်လက်ရွေးစင် အန်သနီ ဂေါ်ဒန် ရောက်ရှိလာပြီးနောက် ယခုနွေရာသီ၌ ဘာစီလိုနာအသင်း ဒုတိယမြောက် ခေါ်ယူနိုင်ခဲ့သည့် ကစားသမား ဖြစ်လာခဲ့သည်။ (Xinhua)

...................................................................

(English Version)

Barcelona president Laporta says Adeyemi signing to be offical on Wednesday

MADRID, July 21 (Xinhua) -- FC Barcelona president Joan Laporta said on Tuesday that the club will officially announce the signing of German forward Karim Adeyemi from Bundesliga giant Dortmund on Wednesday, when the player will also be presented to fans and the media.

Laporta confirmed the news upon his arrival at Barcelona airport after attending the World Cup final. His trip to New York was the main reason for the delay in announcing Adeyemi's signing after the 24-year-old arrived in Barcelona last week.

Adeyemi, who can play either on the wing or through the middle, joins the La Liga champion after scoring 36 goals in 146 appearances for his former club. He will help replace Robert Lewandowski, whose contract with Barcelona expired at the end of June, while Roony Bardghji is likely to be sent out on loan after failing to secure a regular starting place last season.

The 24-year-old, who has earned 11 caps for Germany, is Barcelona's second signing of the summer following the arrival of England international Anthony Gordon from Newcastle United.

English Caption 1

Karim Adeyemi of Borussia Dortmund celebrates scoring during the German first division Bundesliga football match between Borussia Dortmund and FC St. Pauli in Dortmund, Germany, Jan. 17, 2026. (Photo by Joachim Bywaletz/Xinhua)

English Caption 2

Karim Adeyemi (L) of Borussia Dortmund vies with Arthur Chaves of FC Augsburg during the German first division Bundesliga football match between Borussia Dortmund and FC Augsburg in Dortmund, Germany, March 14, 2026. (Photo by Joachim Bywaletz/Xinhua)

English Caption 3

FC Barcelona players celebrate winning the champion after the 35th round Spanish LaLiga football match between FC Barcelona and Real Madrid CF in Barcelona, Spain, May 10, 2026. Photo by Joan Gosa/Xinhua)