
မနီလာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိလစ်ပိုင် မနီလာမြို့၌ ကျင်းပသည့် အရှေ့အာရှပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ တက်ရောက်စဉ်ကာလအတွင်း ဇူလိုင် ၂၂ ရက်တွင် ကမ်းလှမ်းချက်အရ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Ma. Theresa Lazaro နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သည့်ရပ်တည်ချက်အား ဖိလစ်ပိုင်နိုင်ငံကို ရှင်းလင်းပြောကြားခဲ့သလို ရန်အိုက်သောင်စွယ်တွင် ဖိလစ်ပိုင်ဘက်မှလူပုဂ္ဂိုလ်များက တရုတ်တရားဥပဒေစိုးမိုးရေးရေယာဉ်အား ဝင်တိုက်သော ကြမ်းတမ်းသည့်လုပ်ရပ်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
ဝမ်ရိက လွန်ခဲ့သည့်နှစ်အနည်းငယ်တွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် အခက်အခဲစိန်ခေါ်မှုများနှင့် ဆက်တိုက်ရင်ဆိုင်နေရကြောင်း၊ ယင်းမှာ နှစ်ဖက်အကျိုးစီးပွားနှင့်မကိုက်ညီသည်မှာ ထင်ရှားသလို ဖိလစ်ပိုင်နိုင်ငံ၏ ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ပို၍ပင် ထိခိုက်နစ်နာစေကြောင်း ပြောကြားခဲ့သည်။
ပြောင်းလဲရှုပ်ထွေးနေသည့် ကမ္ဘာကြီးကို ရင်ဆိုင်ရာတွင် ဤဒေသတွင်း ခဲရာခဲဆစ်ရရှိလာသည့် ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အခင်းအကျင်းကို နဂိုကပင် မိမိတို့အတူ ကာကွယ်ထိန်းသိမ်းသင့်ကြောင်း၊ သို့သော် ဖိလစ်ပိုင်နိုင်ငံ၏လုပ်ရပ်မှာ အခြားဒေသတွင်းနိုင်ငံများနှင့် လားရာချင်း ဆန့်ကျင်နေပြီး ဒေသတွင်း တည်ငြိမ်အေးချမ်းရေး၏ အနှောင့်အယှက်အရင်းအမြစ် ဖြစ်နေကြောင်း၊ ပြင်ပအင်အားက လိုသလို ဝင်ရောက်စွက်ဖက်စေခြင်းနှင့် ပင်လယ်ပြင်ကွဲလွဲမှုများကို အကြံအစည်ရှိရှိ ပုံကြီးချဲ့ခြင်းသည် အများအသုံးချခံကိရိယာအဖြစ်သို့သာ ကျဆင်းသွားမည်ကို လက်တွေ့က သက်သေပြထားကြောင်း၊ အကယ်၍ ဒေသတွင်းပြင်ပနိုင်ငံကို အားပြု၍ ရန်စသည့်လုပ်ရပ်များ ကြိုးပမ်းလာပါက နောက်ဆုံးတွင် မိမိပြုသော မကောင်းကျိုးကို မိမိသာ ခံစားရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ တရုတ်-ဖိလစ်ပိုင် ဆွေးနွေးမှုလုပ်ဆောင်မည့်အခါတိုင်း ဖိလစ်ပိုင်ပြည်တွင်းတွင် အထူးသဖြင့် စစ်တပ်၊ ရဲတပ်ဖွဲ့ဌာန အင်အားစုအချို့က အကြံအစည်ရှိရှိ ပြဿနာဖန်တီးပြီး ဆွေးနွေးမှု ရှေ့ဆက်၍မရအောင် ဖျက်ဆီးပစ်ကြောင်း၊ လက်ရှိတွင် တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေးသည် လမ်းဆုံတွင် ရှိရာ မည်သို့ဦးတည်လျှောက်လှမ်းမည်မှာ ဖိလစ်ပိုင်နိုင်ငံဘက်က မှန်ကန်ပါးနပ်စွာ ရွေးချယ်ရန် လိုအပ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ဝမ်ရိက တရုတ်နိုင်ငံသည် မည်သည့်အခါကမျှ ဖိလစ်ပိုင်နိုင်ငံ၏ လုံခြုံရေးခြိမ်းခြောက်မှု မဟုတ်သလို သမိုင်းတွင်လည်း မည်သည့်အခါကမျှ ဖိလစ်ပိုင်နိုင်ငံအား ကျူးကျော်ခြင်း သို့မဟုတ် ကိုလိုနီပြုခြင်း မရှိခဲ့ကြောင်း အလေးထားပြောကြားခဲ့သည်။
တရုတ်နှင့် ဖိလစ်ပိုင်အကြားတွင် နယ်မြေပိုင်နက်နှင့် ပင်လယ်ပြင် နယ်နိမိတ်ပိုင်းခြားရေး အငြင်းပွားမှု ရှိသည်မှာ မျက်မြင်အမှန်တရားဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ကွဲလွဲမှုများကို စီမံထိန်းချုပ်ပြီး အခြေအနေတည်ငြိမ်အောင် ဆောင်ရွက်ရန် အစဉ်တစိုက် ကြိုးပမ်းခဲ့ကြောင်း၊ သို့သော် ဖိလစ်ပိုင်နိုင်ငံဘက်ကမူ ဆွေးနွေးမှုလမ်းကြောင်းမှ သွေဖည်ကာ ဒေသပြင်ပ အင်အားစု၏ သွေးထိုးလှုံ့ဆော်မှုအောက်တွင် ယာယီ “အနုညာတခုံရုံး” ဟူသော သိမ်ဖျင်းသည့်ပြဇာတ်တစ်ခုကို ဖန်တီးပြီး တရားမဝင်၊ အကျုံးမဝင်သည့် “စီရင်ဆုံးဖြတ်ချက်” ဟူသည်ကို ပုံကြီးချဲ့ပြောဆိုနေကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက အစကတည်းကပင် လက်ခံမှု၊ ပါဝင်မှု မရှိသည့်အပြင် အသိအမှတ်ပြုရန် ပို၍ပင် မဖြစ်နိုင်ကြောင်း၊ ပင်လယ်ပြင်ရေးရာနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များတွင် ဖိလစ်ပိုင်နိုင်ငံဘက်က ရန်စသောလှုပ်ရှားမှုများကို ချက်ချင်းရပ်တန့်ပြီး ယနေ့အချိန်အထိ တရုတ်နိုင်ငံဘက်ကို ပေးထားသည့် ကတိကဝတ်များကို လိုက်နာစောင့်ထိန်းကာ နှစ်ဖက်ဆက်ဆံရေး တည်ငြိမ်ရန်အတွက် လက်တွေ့ကြိုးပမ်းမှုများ ပြုလုပ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
Ma. Theresa Lazaro က ဖိလစ်ပိုင်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အစဉ်တစိုက် လိုက်နာကျင့်သုံးပြီး သံတမန်ဆက်ဆံရေးထူထောင်သည့် ကတိကဝတ်များကို ဖော်ဆောင်လျက်ရှိရာ ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ဆွေးနွေးမှုမှတစ်ဆင့် ပင်လယ်ပြင်ရေးရာကိစ္စရပ်များကို ကောင်းမွန်သင့်လျော်စွာ ဖြေရှင်းနိုင်သည့်နည်းလမ်းအား ရှာဖွေသွားရန်၊ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်လာစေရေးအတွက် ကြိုးပမ်းဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
王毅会见菲律宾外长拉扎罗
新华社马尼拉7月22日电(记者李萌 赵晨捷)中共中央政治局委员、外交部长王毅22日在马尼拉出席东亚合作系列外长会期间应约会见菲律宾外长拉扎罗,向菲方阐明中方严正立场,对菲方人员在仁爱礁冲撞中方执法船只的粗暴行径表示强烈抗议。
王毅表示,过去几年,中菲关系持续面临困难挑战,这显然不符合双方利益,更有损菲律宾自身发展。面对变乱交织的世界,我们本应共同维护本地区得来不易的和平发展局面,但菲律宾的做法却与其他地区国家背道而驰,成为地区和平稳定的干扰源。事实证明,任由外部势力干涉介入,蓄意炒作扩大海上分歧,只会沦为被人利用的工具。如果试图借助域外国家挑衅滋事,最后只能吞下自己酿成的苦果。遗憾的是,每当中菲要开展对话时,菲国内就有人特别是军警部门一些势力,蓄意制造事端,破坏对话的推进。当前,中菲关系站在十字路口,何去何从需要菲方作出正确理智选择。
王毅强调,中国从来不是菲律宾的安全威胁,历史上从未侵略或殖民过菲律宾。中菲存在领土和海洋划界争议是客观事实。中方始终致力于通过双边对话协商管控分歧、稳定局势。但菲方却背离双边谈判渠道,在域外势力怂恿下,搭了个临时“仲裁庭”的草台班子,炮制炒作非法无效的所谓“裁决”,中方从一开始就不接受、不参与,更不会承认。菲方应立即停止在涉海问题上的挑衅行为,恪守迄今对中方作出的承诺,为稳定双边关系作出切实努力。
拉扎罗表示,菲方始终奉行一个中国政策,履行建交承诺,世界上只有一个中国,台湾是中国领土不可分割的一部分。菲方希望通过对话,寻找涉海问题的妥善解决办法,争取实现两国关系的改善。(完)
1. 7月22日,中共中央政治局委员、外交部长王毅在马尼拉出席东亚合作系列外长会期间应约会见菲律宾外长拉扎罗,向菲方阐明中方严正立场,对菲方人员在仁爱礁冲撞中方执法船只的粗暴行径表示强烈抗议。 新华社记者 郭依格 摄








