ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသော ကိုယ်စားလှယ်များက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးနေသည်ကို 
၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်လာသော ကိုယ်စားလှယ်များက အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မနီလာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှဒေသမှ ပြည်သူများ၏ ကောင်းကျိုးချမ်းသာအတွက် ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအောင်လုပ်ဆောင်ရာတွင်လည်းကောင်း၊ စိန်ခေါ်မှုအသစ်များနှင့် မရေရာမှုများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာအောင် တည်ဆောက်ရာတွင်လည်းကောင်း တရုတ်နိုင်ငံအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နှင့် လက်တွဲလုပ်ဆောင်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇူလိုင် ၂၂ ရက်၌ ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် တရုတ်-အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်‌ရောက်စဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု၏ အကျိုးကျေးဇူးများပြားသော ရလဒ်များကို ချီးကျူးပြောဆိုခဲ့ကာ နှစ်ဖက် မိတ်ဖက်ဆက်ဆံရေးအား အာရှဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြန်လည်အားသစ်လောင်းမှုအတွက် မောင်းနှင်အားအဖြစ်လည်းကောင်း၊ အာဆီယံ-ပစိဖိတ် ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုအတွက် စံနမူနာအဖြစ်လည်းကောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စုစည်းညီညွတ်မှုနှင့် ကိုယ်ထူကိုယ်ထ အင်အားတည်ဆောက်မှုအတွက် စံသတ်မှတ်ချက်အဖြစ်လည်းကောင်း ဆက်လက်အကျိုးပြုနိုင်ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိသည်ဟုလည်း ဝမ်က ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေး၌ ဝမ်က အဆိုပြုချက် လေးရပ်ကို အဆိုပြုခဲ့သည်။

ပထမအချက်မှာ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသတွင်း အခင်းအကျင်းကို ထိန်းသိမ်းကာကွယ်ရန်ပင် ဖြစ်သည်။ ဘက်အသီးသီးအနေဖြင့် ငြိမ်းချမ်းရေး၊ ပူးပေါင်းဆောင်ရွက်မှု၊ ပွင့်လင်းမှု၊ အားလုံးလက်ခံပါဝင်မှုဟူသော အာရှ၏ စံတန်ဖိုးများကို ရပ်တည်ကာကွယ်ခြင်း၊ တရားနည်းလမ်းမကျသော ပြင်ပကြားဝင်စွက်ဖက်မှုများကို ပြတ်ပြတ်သားသား ပယ်ချခြင်း၊ သီးသန့်အုပ်စုငယ်များ ဖွဲ့စည်းမှုကို ဆန့်ကျင်ခြင်း၊ အုပ်စုဖွဲ့ ထိပ်တိုက်ရင်ဆိုင်မှုထဲသို့ ဆွဲသွင်းမှုကို ငြင်းဆန်ခြင်း၊ စစ်ဝါဒ တစ်ကျော့ပြန်အသက်သွင်းမှုကို လုံးဝလက်သင့်မခံခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ဝမ်က ဆိုသည်။

ဒုတိယအချက်မှာ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှု၏ ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ခြင်းဖြစ်သည်။ ဘက်အသီးသီးအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုအတွက် တံခါးဖွင့်ထားရန်၊ ဖွံ့ဖြိုးတိုးတက်မှုများ တစ်သားတည်း ပေါင်းစည်းခြင်းကို နက်နက်ရှိုင်းရှိုင်းလုပ်ဆောင်ရန်၊ တရုတ်-အာဆီယံ လွတ်လပ်သော ကုန်သွယ်ရေးဧရိယာ ၃.၀ ကို မြှင့်တင်ဖော်ဆောင်ရန်၊ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက်ဆက်ဆံမှု သဘောတူညီချက်ကို စံနှုန်းမြင့်မားစွာ အကောင်အထည်ဖော်ရန်၊ တစ်ချိန်တည်းတွင် ဒေသတွင်း စားနပ်ရိက္ခာနှင့် စွမ်းအင်ဖူလုံမှု၊ ထောက်ပံ့ကွင်းဆက် တည်ငြိမ်မှုတို့ကို မြှင့်တင်ရန် ဆက်လက်ကတိကဝတ်ပြုသင့်ကြောင်း ဝမ်က ဆိုသည်။

တတိယအချက်မှာ အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုဖြင့် မောင်းနှင်တွန်းအားပေးသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဖော်ဆောင်ရန်ဖြစ်သည်။ ဘက်အသီးသီးအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ ဉာဏ်ရည်တု၊ ပင်လယ်ရေအောက် ကေဘယ်ကြိုး စသည့် ထွန်းသစ်စနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်သင့်ကြောင်း ဝမ်က ပြောသည်။

အာဆီယံ ဒစ်ဂျစ်တယ်စီးပွားရေး မူဘောင်သဘောတူညီချက်အရ ညှိနှိုင်းဆောင်ရွက်မှု အကျိုးရလဒ်များကို ဖော်ထုတ်ကာ ရာသီဥတုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု၊ သန့်ရှင်းစွမ်းအင်၊ အစိမ်းရောင် လယ်ယာစိုက်ပျိုးရေး၊ အပြာရောင်စီးပွားရေး နယ်ပယ်တို့တွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းအားထုတ်သင့်သည်ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

စတုတ္ထအချက်မှာ ပြည်သူဗဟိုပြုမှုကို ဆက်လက်ကျင့်သုံးရန်ဖြစ်သည်။ တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှု အကျိုးရလဒ်များမှာ သေချာခိုင်မာ၍ အများလက်လှမ်းမီနိုင်ပြီး နိုင်ငံအသီးသီး၏ ပြည်သူများအတွက် ပိုမိုကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်ရေးအတွက် အားလုံးလက်ခံပါဝင်၍ သာတူညီမျှရှိသော ဖွံ့ဖြိုးတိုးတက်မှုကို အားပေးမြှင့်တင်သင့်ကြောင်း ဝမ်က ပြောသည်။

တရုတ်နိုင်ငံသည် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး၊ ပြည်သူ့ကျန်းမာရေး၊ ပညာရေး၊ လူငယ်ရေးရာ၊ Think Tank အဖွဲ့အစည်းများ၊ ခရီးသွားလုပ်ငန်း၊ မီဒီယာ၊ ယဉ်ကျေးမှုနှင့် အခြားနယ်ပယ်များတွင် အာဆီယံနှင့် ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ရန် အသင့်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်၍ ပြောကြားရာတွင် ဝမ်က တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်းကို တိတိကျကျ လေးစားလိုက်နာရန် ဒေသတွင်းနိုင်ငံများအား တိုက်တွန်းခဲ့သည်။

ထို့အတူ တင်းမာမှုများကို လှုံ့ဆော်သည့် ပြင်ပမှကြိုးပမ်းမှုများကို တွန်းလှန်ရန်၊ တောင်တရုတ်ပင်လယ်၌ ပြဿနာဖန်တီးမည့် မည်သည့်နိုင်ငံ၏ ကြိုးပမ်းမှုကိုမဆို လက်သင့်မခံရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ကာကွယ်ထိန်းသိမ်းခွင့်ကို ဒေသတွင်းနိုင်ငံများ၏ လက်ထဲတွင်သာ ခိုင်ခိုင်မာမာ ထိန်းသိမ်းထားရန်လည်း ဝမ်က တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260723/a4ef90aa6c134951a4fee0ed0d4566f9/c.html

.................................................................

(English Version)

China stands with ASEAN in reinforcing unity against new challenges, uncertainties: Chinese FM

MANILA, July 22 (Xinhua) -- China stands ready to work with the Association of Southeast Asian Nations (ASEAN) in forging closer cooperation for the well-being of the region's peoples and in reinforcing unity to tackle new challenges and uncertainties, Chinese Foreign Minister Wang Yi said here on Wednesday.

Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks when attending the China-ASEAN Foreign Ministers' Meeting in Manila, the Philippines.

While lauding the fruitful outcomes of China-ASEAN cooperation, Wang expressed China's readiness to work with ASEAN to ensure their partnership continues to serve as an engine for Asia's development and revitalization, a model for Asia-Pacific regional cooperation, and a benchmark for the solidarity and self-strengthening of the Global South.

Wang put forward four proposals during the meeting:

First, to safeguard the regional environment for peace and development. Wang said all sides should champion the Asian values of peace, cooperation, openness and inclusiveness, firmly reject unjustified external interference, oppose patching up exclusive small groupings, refuse to be drawn into camp-based confrontation, and never allow militarism to stage a comeback.

Second, to bolster the resilience of regional development. Wang said that all sides should stay committed to open cooperation, deepen development integration, advance the China-ASEAN Free Trade Area 3.0, and implement the Regional Comprehensive Economic Partnership at a high standard, while enhancing food, energy security, and supply chain stability in the region.

Third, to advance green and innovation-driven development. Wang said that all sides should expand cooperation in emerging areas such as the digital economy, artificial intelligence, and submarine cables.

Efforts should be made to explore synergy with the ASEAN Digital Economy Framework Agreement, and step up collaboration in climate response, clean energy, green agriculture, and the blue economy, he added.

Fourth, to remain people-centered. Wang said that all sides should promote inclusive and equitable development to ensure that the outcomes of China-ASEAN cooperation are tangible and accessible and deliver greater benefits to the people of all countries.

China stands ready to enhance exchanges and cooperation with ASEAN in poverty reduction, public health, education, youth, think tanks, tourism, media, culture, and other fields, he noted.

On the South China Sea, Wang urged regional states to strictly honor the Declaration on the Conduct of Parties in the South China Sea.

He called on regional countries to resist external attempts to stoke tensions, reject any nation's efforts to stir trouble in the South China Sea, and keep the initiative for safeguarding regional peace and stability firmly in their own hands.

https://english.news.cn/20260723/a4ef90aa6c134951a4fee0ed0d4566f9/c.html

English Caption

Representatives attending the China-ASEAN Foreign Ministers' Meeting pose for a group photo in Manila, the Philippines, July 22, 2026. (Xinhua/Rouelle Umali)