
စူးကျိုး (ကျန်းဆူး)၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)
နွေခေါင်ခေါင် ရာသီချိန်တွင် “သာယာဝပြောလှသော စူးကျိုး ပုံရိပ်များ” စက္ကူပန်းချီကားကြီးသည် နှစ်ပေါင်း ၂၀ ကြာညောင်းပြီးနောက် “ဇာတိမြေ” သို့ တစ်ဖန်ပြန်လည်ရောက်ရှိလာခဲ့ပြီး စူးကျိုးပြတိုက် “စူးကျိုး စည်ပင်ဝပြောပုံ” အထူးပြခန်းတွင် ပြသလိုက်ရာ ပန်းချီကား၏ အလှတရားအား ရှုစားလိုသည့် ပရိတ်သတ် အများအပြားအား ဆွဲဆောင်နိုင်ခဲ့သည်။
ယခုအကြိမ် “စူးကျိုး စည်ပင်ဝပြောပုံ” အထူးပြခန်းကို ဇူလိုင် ၁၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
ဗီဒီယိုကင်မရာများမရှိသည့် ၁၈ ရာစုကာလတွင် ချင်းမင်းဆက်က ပန်းချီဆရာ ရွှီယန် ရေးခြယ်ထားသော အလျား ၁၂ မီတာကျော်ရှည်သည့် “စည်ပင်ဝပြောသော ခေတ်ကာလ၏ ဖွံ့ဖြိုးစည်ကားသော ပုံရိပ်များ” ပန်းချီကားကြီးသည် ချင်းမင်းဆက် စူးကျိုးမြို့၏ လူနေမှုဘဝအငွေ့အသက်များနှင့် တောတောင်ရေမြေ၏ အလှတရားကို အနုစိတ်သရုပ်ဖော်ရေးခြယ်ထားသည်။ ယင်းမှာ ယနေ့အခါ လူသိများကျော်ကြားသည့် “သာယာဝပြောလှသော စူးကျိုး ပုံရိပ်များ” ပန်းချီကားကြီးပင် ဖြစ်သည်။
အဆိုပါပန်းချီကားလိပ်တွင် နေအိမ်အဆောက်အဦပေါင်း ၂,၀၀၀ ကျော်၊ ဈေးဆိုင်ခန်းပေါင်း ၂၀၀ ကျော်၊ လူပုဂ္ဂိုလ်ပေါင်း ၄,၀၀၀ ကျော်ကို အသေးစိတ်ရေးခြယ်ထားပြီး လယ်ယာသမား၏ လယ်ယာလုပ်ငန်းလုပ်ဆောင်ပုံ၊ ကုန်သည်များ၏ ကုန်သွယ်ရောင်းဝယ်ဖောက်ကားပုံ၊ လှေနှင့်သင်္ဘောများ ရေပြင်တွင် ပျားပန်းခပ်သွားလာပုံ၊ မြို့ပြ၏ စည်ကားသိုက်မြိုက်ပုံ ရှုမြင်ကွင်းများ အပြည့်အစုံပါဝင်ရာ ထိုခေတ်က “ကုန်သည်အပေါင်းစုစည်းလာပြီး အရောင်းအဝယ်များ စည်ကားသိုက်မြိုက်” သည့် ကျန်းနန်ဒေသ၏ စည်ပင်သာယာဝပြောပုံများကို သက်ဝင်ထင်ရှားစွာ ထပ်မံပြသထားသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
赴一场《姑苏繁华图》的古今对话
新华社照片,苏州(江苏),2026年7月23日
盛夏时节,纸本画作《姑苏繁华图》时隔20年再度回到“故乡”,亮相苏州博物馆“姑苏繁华”特展,吸引大量观众“一度芳容”。此次“姑苏繁华”特展展期为7月11日至10月11日。 在没有相机的18世纪,由清代画家徐扬绘制的长12米有余的《盛世滋生图》细致描绘了清代苏州的市井烟火与山河盛景,这就是如今人们熟知的《姑苏繁华图》。画卷细致描绘了2000余栋房屋建筑、200余家商铺、4000余个人物,农桑劳作、商贾贸易、舟楫往来、市井嬉游等场景一应俱全,生动再现了当年“商贾辐辏、百货骈阗”的江南盛景。
1. 这是7月23日拍摄的《姑苏繁华图》局部。新华社记者 陈晔华 摄
2. 7月23日,观众在苏州博物馆西馆观看《姑苏繁华图》。新华社记者 陈晔华 摄








