နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများအား တွေ့ရစဉ် (ဆင်ဟွာ)
နေရောင်ခြည်စွမ်းအင်သုံး ဆိုလာပြားများအား တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် နေရောင်ခြည်စွမ်းအင်အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်ယူအသုံးပြုခြင်း အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက်တွင် နေပြည်တော်တွင် ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာများက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ဇူလိုင် ၁၅ ရက် နံနက် ၉ နာရီမှ ညနေ ၄ နာရီ ၄၅ မိနစ်အထိ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ Horizon Lake View Resort တွင် ကျင်းပပြုမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၀ ရက်အထိ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လိုကြောင်း စာရင်းပေးသွင်းလာသူ ဦးရေ ၃၀၀ ကျော်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံတော်၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှုတွင် ဆိုလာဓာတ်အားစနစ် သိသာစွာတိုးမြှင့်ပါဝင်လာစေရန် ရည်ရွယ်သည့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ် ဇူလိုင်လ ပထမပတ်အတွင်း ကျယ်ပြန့်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆိုလာနည်းပညာ၊ ဘက်ထရီနည်းပညာ၊ ဆိုလာဓာတ်အားပေးစနစ်တို့နှင့်ပတ်သက်သည့် ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းသား ကျောင်းသူများ၊ စိတ်ပါဝင်စားသူများ တက်ရောက်ဆွေးနွေးအကြံပြုကြရန် ဇွန် ၁ ရက်မှစတင်၍ နိုင်ငံပိုင်သတင်းစာနှင့် ရုပ်သံအစီအစဉ်များမှတစ်ဆင့် အသိပေးဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။ (Xinhua)