အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က စပိန်အသင်းနှင့် ကိတ်ဗာဒီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-H ပွဲစဉ်၌ ကိတ်ဗာဒီအသင်းမှ ဂျိုဗန် ကာဘရယ် (ယာ) နှင့် စပိန်အသင်းမှ မားကို့စ် လော်ရန်တေးတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာအားကစားကွင်းတွင် ၂၀၂၆ ခုနှစ် ဇွန် ၁၅ ရက်က စပိန်အသင်းနှင့် ကိတ်ဗာဒီအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား အုပ်စု-H ပွဲစဉ်၌ ကိတ်ဗာဒီအသင်းမှ ဂျိုဗန် ကာဘရယ် (ယာ) နှင့် စပိန်အသင်းမှ မားကို့စ် လော်ရန်တေးတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ကိတ်ဗာဒီ (ကာဘို ဗာဒီ) လက်ရွေးစင်ကစားသမား ဂျိုဗန်ကာဘရယ်သည် ဘရာဇီးစီးရီးအေကလပ်အသင်း ဂရီမီယိုသို့ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာကြောင်း ဂရီမီယိုအသင်းမန်နေဂျာ လူးဝစ်ကက်စထရိုက ဇူလိုင် ၁၂ ရက်၌ အတည်ပြုခဲ့သည်။

အသက် ၂၈ နှစ်အရွယ် ဂျိုဗန်ကာဘရယ်သည် ပေါ်တူဂီကလပ်အသင်း Estrela da Amadora နှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်  ဂရီမီယိုအသင်းနှင့် ၁၈ လ သက်တမ်းရှိ စာချုပ်ကို သဘောတူခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် ဘရာဇီး၏ ရာသီဝက်အပြောင်းအရွှေ့ကာလ စတင်ဖွင့်လှစ်ချိန် ဇူလိုင် ၂၀ ရက်မှစ၍ ကစားခွင့်ရှိမည်ဖြစ်သည်။

"သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့တဲ့ ကစားသမားတစ်ယောက်ပါ။ ပွဲစဉ်တွေ ကစားခဲ့သလို ဘယ်ဘက်ခြမ်း ဒါမှမဟုတ် အလယ်ကနေ ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ပါ" ဟု ကက်စထရိုက သတင်းထောက်များအား ပြောကြားခဲ့သည်။ "သူက ဒီရာသီအတွက် အလုပ်နဲ့ ရည်မှန်းချက်တွေကို ကတိကဝတ်ပြုထားတဲ့အဖွဲ့ကို ဝင်ရောက်လာတာပါ။ ကျွန်တော်တို့အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ သူ့မှာ အရည်အချင်းရှိတယ်လို့ ကျွန်တော်ထင်ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

ကာဘရယ်သည် စပို့တင်လစ္စဘွန်း၊ လာဇီယိုနှင့် အိုလံပီယာကို့စ် အပါအဝင် အခြားကလပ်အသင်းများတွင်လည်း ကစားခဲ့ဖူးသည်။

၎င်းသည် ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကိတ်ဗာဒီအသင်းအတွက် နှစ်ပွဲ ကစားခဲ့ပြီး စပိန်အသင်းနှင့် သရေကျသည့် အဖွဲ့ပွဲစဉ်၌ ၆၁ မိနစ်ကြာ ကစားခဲ့ကာ အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ခဲ့သည့် ၃၂ သင်းအဆင့်ပွဲစဉ်တွင် မိနစ် ၈၀ ကြာ ကစားခဲ့ကြောင်း သိရသည်။ (Xinhua)

...................

(English Version)

Gremio signs Cabo Verde's Cabral

RIO DE JANEIRO, July 12 (Xinhua) -- Gremio manager Luis Castro confirmed on Sunday that Cabo Verde international Jovane Cabral had joined the Brazilian Serie A club on a free transfer.

The 28-year-old agreed to an 18-month deal after his contract with Portugal's Estrela da Amadora expired at the end of last season. He will be eligible to play from July 20, when Brazil's mid-season transfer window opens.

"He's a player who was at the World Cup, played matches and can operate on the left or through the middle," Castro told reporters. "He joins a group committed to the work and the objectives for the season. I think he has the quality to become part of our squad."

Cabral has also had spells at Sporting CP, Lazio and Olympiacos, among other clubs.

He played two matches for Cabo Verde at this year's World Cup, featuring for 61 minutes in the opening draw with Spain and 80 minutes in the round of 32 defeat to Argentina. ■

English Caption

Jovane Cabral (R) of Cape Verde vies with Marcos Llorente of Spain during the group H match between Spain and Cape Verde at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, June 15, 2026. (Xinhua/Wang Kaiyan)