
၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) စီးပွားရေးအတိုင်ပင်ခံကောင်စီ (ABAC)တတိယအကြိမ်မြောက် အစည်းအဝေးသည် ဇူလိုင် ၉ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပပြီးစီးခဲ့သည်။ အစည်းအဝေးတွင် အတည်ပြုသည့် ABAC ၏ တစ်နှစ်ပတ်လုံး အောင်မြင်မှုရလဒ်များမှာ ယခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် APEC ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးအတွက် အရည်အသွေးမြင့်မူဝါဒ အကြံပြုချက်များ စုစည်းပေးခဲ့သည်။
အဆိုပါ အစည်းအဝေးပိတ်ပွဲအခမ်းအနားများသို့ ၂၀၂၆ ခုနှစ် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ စီးပွားရေးကဏ္ဍ ခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ (CCPIT) ဥက္ကဋ္ဌ ရန့်ဟုန်ပင်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။
လေးရက်ကြာ ကျင်းပသည့်အစည်းအဝေးတွင် APEC စီးပွားရေးအစုအဖွဲ့ ၂၁ ခု ၏ ABAC ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်းများ၊ ကျွမ်းကျင်ပညာရှင်များ စသည့် လူပေါင်း ၂,၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဒေသတွင်းစီးပွားရေး တစ်သားတည်းအသွင်ပြောင်းခြင်း၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင်ခြင်းနှင့် အပြန်အလှန်ချိတ်ဆက်ခြင်း ဟူသော အဓိကကဏ္ဍကြီး လေးရပ်ကို ဗဟိုပြု၍ နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြသည်။ အစည်းအဝေးတွင် ABAC မှ ခေါင်းဆောင်များထံပေးပို့သော စာလွှာနှင့် အစီရင်ခံစာများကိုလည်းကောင်း၊ ABAC မှ စီးပွားရေးအစုအဖွဲ့ အသီးသီး၏ ဘဏ္ဍာရေး၊ စွမ်းအင်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများ၊ ဒစ်ဂျစ်တယ်၊ စားနပ်ရိက္ခာ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးများထံသို့ ပေးပို့သော စာလွှာ ၆ စောင်နှင့်တကွ ကွမ်တမ်နည်းပညာ၊ ကျန်းမာရေးနှင့် ဆေးကုသရေး၊ သတ္တုလုပ်ငန်းနယ်ပယ် စသည့် ကြေညာချက် သုံးစောင် စသည့် အဓိကရလဒ် စာရွက်စာတမ်း ၁၀ ခုကိုလည်းကောင်း အတည်ပြုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ http://xhtxs.cn/bdxk
--------------------------------------------------------------------------------------
(Chinese Version)
APEC工商咨询理事会泰国会议聚焦高质量政策建议
新华社曼谷7月9日电(记者常天童)2026年亚太经合组织(APEC)工商咨询理事会(ABAC)第三次会议9日在泰国曼谷闭幕,会议通过的ABAC全年成果为将于今年11月举行的APEC领导人非正式会议积累了高质量政策建议。
2026年亚太经合组织工商领导人峰会主席、中国贸促会会长任鸿斌出席闭幕全会并致辞。
为期4天的会议中,亚太经合组织21个经济体的ABAC代表、候任代表、专家等超过200人参会,围绕区域经济一体化、可持续发展、数字创新和互联互通四大重点领域深入交流。会议通过了ABAC致领导人的信函和报告,ABAC致各经济体财政、能源、中小企业、数字、粮食、交通部长的6份信函,以及在量子科技、医疗卫生、矿业领域的3份声明等10份核心成果文件。
图说:7月7日,泰国总理阿努廷在曼谷出席2026年亚太经合组织工商咨询理事会(ABAC)第三次会议时致辞。新华社记者孙玮彤摄







