
ကန်းဆက်စ်စီးတီး၊ အမေရိကန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
ဇူလိုင် ၁၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဆွစ်ဇာလန်အသင်းကို အချိန်ပို၌ ၃-၁ ဂိုးဖြင့် အနိုင်ရရှိပြီးနောက် အာဂျင်တီးနားအသင်း မန်နေဂျာ လီယွန်နယ် စကာလိုနီက ၎င်း၏အသင်းအနေဖြင့် ကမ္ဘာ့ဖလားကို နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ရန် အစွမ်းကုန်ပေးဆပ်ကစားမည်ဟု ပြောကြားခဲ့သည်။
ကွာတားဖိုင်နယ်ပွဲစဉ်၌ အာဂျင်တီးနားက အလက်ဆစ် မက်ခ်အယ်လစ္စတာ၏ ပွဲချိန်အစောပိုင်း ခေါင်းတိုက်ဂိုးဖြင့် ဦးဆောင်ထားသော်လည်း ဒုတိယပိုင်းတွင် ဒန် အင်ဒိုယီက ပြန်လည်ချေပခဲ့သည်။ ကန်းဆက်စ်စီးတီး အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါပွဲစဉ်၌ ဆွစ်ဇာလန်အသင်းမှ ဘရီးလ် အမ်ဘိုလို ထုတ်ပယ်ခံရပြီးနောက် ဟူလီယန် အယ်လ်ဗာရက်ဇ်နှင့် လော်တာရို မာတီနက်ဇ်တို့က အချိန်ပိုတွင် အနိုင်ဂိုးများသွင်းယူခဲ့သည်။
အဆိုပါ အနိုင်ရလဒ်ကြောင့် အာဂျင်တီးနားအသင်းမှာ ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှစ၍ အဓိကပြိုင်ပွဲများတွင် ငါးကြိမ်မြောက် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
"ပြိုင်ပွဲငါးခု၊ ဆီမီးဖိုင်နယ်ငါးကြိမ်ပါ" ဟု ၂၀၁၈ ကမ္ဘာ့ဖလားအပြီးတွင် အာဂျင်တီးနားအသင်းကို စတင်ကိုင်တွယ်ခဲ့သည့် စကာလိုနီက ဆိုသည်။ "ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး ကြိုတွေးမထားပေမဲ့ အဲဒါက ကျွန်တော်တို့ ပျော်ရွှင်သင့်တဲ့အရာပါ။ ဒီကစားသမားတွေ မရှိဘဲနဲ့ အခုလို ဖြစ်လာမှာမဟုတ်ပါဘူး" ဟု ၎င်းက ပြောသည်။
"ဆီမီးဖိုင်နယ်အထိ တက်နိုင်ခဲ့ပြီး ဘောလုံးအားကစားရဲ့ အခုလို ဂုဏ်ယူစရာကောင်းတဲ့ နေရာတစ်နေရာကို အရယူနိုင်ခဲ့တာက သိပ်ကောင်းပါတယ်။ ကျွန်တော်တို့ ဒီအတွက် ကျေနပ်ပျော်ရွှင်သင့်ပြီး နောက်ဆုံးချွေးတစ်စက် ကျန်တဲ့အထိ အစွမ်းကုန်ပေးဆပ်ကစားရင်း နောက်ဆုံးအချိန်ထိ မျှော်လင့်ချက်ထားသင့်ပါတယ်။ ကျွန်တော်တို့ အောင်မြင်အောင်လုပ်နိုင်ခဲ့ရင် သိပ်ကောင်းတာပေါ့။ အဲဒီလို မလုပ်နိုင်ခဲ့ရင်တောင် ကျွန်တော်တို့ အစွမ်းကုန်ပေးဆပ်ကစားခဲ့ပြီးဖြစ်မှာပါ" ဟုလည်း စကာလိုနီက ပြောသည်။
အုပ်စုပွဲစဉ် သုံးပွဲတွင် သုံးပွဲလုံးအနိုင်ရရှိကာ အုပ်စုဗိုလ်အဖြစ် နောက်တစ်ဆင့်တက်နိုင်ခဲ့သည့် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းမှာ ရှုံးထွက်အဆင့်၌ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ အာဂျင်တီးနားအနေဖြင့် ၃၂ သင်းအဆင့်၌ ကိတ်ဗာဒီ (ကာဘိုဗာဒီ) အသင်းကို အချိန်ပိုရောက်မှသာ အနိုင်ရရှိခဲ့သလို ၁၆ သင်းအဆင့်၌လည်း ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၁ မိနစ်အလိုအထိ အီဂျစ်အသင်းကို နှစ်ဂိုးရှုံးနိမ့်နေသော်လည်း နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ခြင်းဖြစ်သည်။
"ဒီနေ့ ကျွန်တော်တို့ အကောင်းဆုံးပုံစံမှာ မရှိခဲ့တာဖြစ်နိုင်ပါတယ်။ ဒါက ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီး ကျွန်တော်တို့ပုံစံအတိုင်း ကစားဖို့ ကြိုးစားခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး" ဟု စကာလိုနီက ဆိုသည်။
"ဆွစ်ဇာလန်အသင်းကို ဂုဏ်ပြုရပါမယ်။ ကျွန်တော် အသင်းရဲ့ခြေစွမ်းကို ကျေနပ်ပေမဲ့ ကျွန်တော်တို့ ဆက်ပြီးကြိုးစားဖို့၊ ပိုပြီးတိုးတက်အောင်လုပ်ဖို့ ဒီပွဲစဉ်က တွန်းအားပေးနေပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
နည်းပြ မူရတ် ယာကင်၏အသင်းက ၎င်း၏အသင်းကို စိတ်ကြိုက်ကစားခွင့်မရအောင် ထိန်းချုပ်ဟန့်တားနိုင်ခဲ့သည်ဟုလည်း အသက် ၄၈ နှစ်အရွယ် စကာလိုနီက ဝန်ခံခဲ့သည်။
"ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း မကစားနိုင်ခဲ့ပေမဲ့ ကျွန်တော်တို့ တခြားအရည်အသွေးတွေကို ပြသနိုင်ခဲ့ပါတယ်။ အဲဒါကို အသားပေးပြီးပြောဆိုဖို့လည်း ထိုက်တန်ပါတယ်" ဟု ၎င်းက ပြောသည်။ "ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ရည်မှန်းချက်၊ ပင်နယ်တီအဆုံးအဖြတ်ကို ရှောင်လွှဲချင်တဲ့ဆန္ဒနဲ့ ဆွစ်ဇာလန်အသင်းဘက်မှာ ပွဲအနေအထားကို ရှုပ်ထွေးအောင်လုပ်ခဲ့ပုံရတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ကျွန်တော်တို့ အနိုင်ရခဲ့တာပါ" ဟုလည်း ၎င်းက ပြောသည်။
အာဂျင်တီးနားအသင်းအနေဖြင့် ဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိရေးအတွက် အတ္တလန်တာမြို့တွင် ဇူလိုင် ၁၅ ရက်၌ အင်္ဂလန်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
အာဂျင်တီးနားအသင်းအနေဖြင့် ဒီယေဂို မာရာဒိုနာ၏ "ဘုရားပေးသောလက်" "ရာစုနှစ်၏ အကောင်းဆုံးသွင်းဂိုး" ဟူသော အမှတ်ရဖွယ် ၁၉၈၆ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ် အပါအဝင် ဆယ်စုနှစ်များနှင့်ချီ ကြာမြင့်သော အသင်း၏ ကမ္ဘာ့ဖလားသမိုင်းကြောင်းအား တဝဲလည်လည် ပြောဆိုနေမည် မဟုတ်ဟု စကာလိုနီက ဆိုသည်။
"အင်္ဂလန်အသင်းက ကျွန်တော် သိပ်ကိုလေးစားရတဲ့ မန်နေဂျာကောင်းတစ်ယောက်ရှိနေတဲ့ အသင်းကောင်းတစ်သင်းပါ။ ဒါပေမဲ့ ဒါက ဘောလုံးပွဲတစ်ပွဲဖြစ်ပြီး အဲဒါထက်ပိုတဲ့ ဘာခံစားချက်မှမရှိပါဘူး" ဟု စကာလိုနီက ပြောသည်။ (Xinhua)
.....................................................................
(English Version)
Argentina 'giving every last drop' for World Cup repeat, says coach Scaloni
KANSAS CITY, United States, July 12 (Xinhua) -- Argentina manager Lionel Scaloni said his side would give everything in pursuit of back-to-back World Cup titles after Saturday's 3-1 extra-time quarterfinal victory over Switzerland.
Argentina led through Alexis Mac Allister's early header but Dan Ndoye equalized in the second half. Breel Embolo was later sent off before Julian Alvarez and Lautaro Martinez struck in extra time at Kansas City Stadium.
The result means Argentina will play in its fifth consecutive semifinal at a major tournament dating back to the 2019 Copa America.
"Five tournaments and five semifinals," said Scaloni, who took charge of Argentina after the 2018 World Cup. "I hadn't thought about it, but it is something we should be happy about. Without these players, it wouldn't be possible.
"It is incredible to reach a semifinal and occupy such a privileged place in football. We should be satisfied and remain hopeful until the end, giving every last drop of sweat. If we achieve it, great. If we don't, we will have given everything."
After finishing top of its group with three wins from three, the reigning champion has been tested in the knockout stage. It needed extra time to overcome Cabo Verde and recovered from two goals down with 11 minutes left to beat Egypt in the round of 16.
"It is possible that we weren't at our best today," Scaloni said. "It was a complicated match. We tried to play our way, but it wasn't possible."
"You have to congratulate Switzerland. I am happy with the team's performance, but it reinforces that we have to keep working and improving."
The 48-year-old admitted Murat Yakin's side had prevented his team from imposing itself.
"We perhaps didn't play the way we wanted, but we showed other qualities and that is worth highlighting," he said. "We won because of our ambition and our desire to avoid penalties, because Switzerland has players who could have made things complicated."
Argentina will face England in Atlanta on Wednesday, with a place in the final at stake.
Scaloni declined to dwell on the teams' decades-long World Cup history, which includes the 1986 quarterfinal remembered for Diego Maradona's "Hand of God" and the Goal of the Century.
"England is a good team with a great manager whom I admire a lot. But it is a game of football. There is nothing more to it than that."
English Caption 1
Lionel Scaloni, head coach of Argentina, gestures during the group J match between Argentina and Austria at the 2026 FIFA World Cup at Dallas Stadium in Dallas, the United States, June 22, 2026. (Xinhua/Jia Haocheng)
English Caption 2
Starting players of Argentina pose for group photos before the round of 32 match between Argentina and Cabo Verde at the 2026 FIFA World Cup at Miami Stadium, Miami, the United States, July 3, 2026. (Xinhua/Xu Zijian)
English Caption 3
Lisandro Martinez (R) of Argentina celebrates after scoring during the round of 32 match between Argentina and Cabo Verde at the 2026 FIFA World Cup at Miami Stadium, Miami, the United States, July 3, 2026. (Xinhua/Xu Zijian)







