
ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်စစ်သည်တစ်ဦး အီရတ်တွင် အီရန်မစ်ရှင်ထမ်းဆောင်နေစဉ် သေဆုံး
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ဇူလိုင် ၁၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာ၌ ပို့စ်တင်၍ အမေရိကန်စစ်သည် တစ်ဦးသည် အီရတ်နိုင်ငံ မြောက်ပိုင်း၌ အီရန်အရေးနှင့်စပ်လျဉ်းသည့်တာဝန် ထမ်းဆောင်နေစဉ် သေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။
ထိုအချိန်က အမေရိကန်စစ်တပ်သည် ပစ်ချခံခဲ့ရသည့် အီရန်၏ တစ်လမ်းသွားတိုက်ခိုက်ရေးဒရုန်းတွင်သယ်ဆောင်လာသော ကျည်ဆန်များကို ထိန်းချုပ်မှုဖြင့်ဖောက်ခွဲဖျက်ဆီးနေစဉ် အဆိုပါစစ်သည်မှာ တာဝန်ထမ်းဆောင်ရင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး အခြားအမေရိကန်စစ်သည်တစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်စစ်တပ်က ဂျော်ဒန်နိုင်ငံတွင် ဇူလိုင် ၁၇ ရက်က အီရန်၏ တိုက်ခိုက်မှုကိုခံရပြီးနောက် ပျောက်ဆုံးသွားခဲ့သော အမေရိကန်စစ်သည်တစ်ဦးကို ရှာဖွေလျက်ရှိရာ လက်ရှိတွင် မည်သူမည်ဝါမှန်းမသိရသေးသော ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး အတည်ပြုစစ်ဆေးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ အမေရိကန် မီဒီယာအချို့က အမည်မဖော်လိုသည့် အရာရှိ၏ ပြောကြားချက်ကို ကိုးကား၍ တွေ့ရှိရသည့် ရုပ်အလောင်းသည် အဆိုပါ ပျောက်ဆုံးနေသော အမေရိကန်စစ်သည်ဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
အီရန်အပေါ် တိုက်ခိုက်မှုများ ပြန်လည်ဆောင်ရွက်ရန် အသင့်ပြင်ပြီးဖြစ်ဟု အစ္စရေးစစ်ဦးစီးချုပ်က ပြောကြား
အစ္စရေးစစ်တပ်အနေဖြင့် အီရန်၏ ဒုံးကျည်ပစ်လွှတ်သည့် လှုပ်ရှားမှုများအပေါ် အနီးကပ်စောင့်ကြည့်ပြီး “အထူးတပ်လှန့်” ထားကြောင်းနှင့် အီရန်အပေါ် တိုက်ခိုက်မှုများ ပြန်လည်လုပ်ဆောင်ရန် အသင့်ပြင်ထားပြီး ဖြစ်ကြောင်း အစ္စရေးစစ်တပ် စစ်ဦးစီးချုပ် Eyal Zamir က ဇူလိုင် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
အီရန်အခြေအနေဖြစ်ပေါ်တိုးတက်မှုများကို အစ္စရေးစစ်တပ်က အနီးကပ်ဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း၊ ထိုနေ့က ဂျော်ဒန်နိုင်ငံ Aqaba ဒေသကို အီရန်က ဒုံးကျည်ပစ်လွှတ်ခဲ့ကြောင်း စောင့်ကြည့်စမ်းသပ်မိရာ အစ္စရေး လေကြောင်းရန်ကာကွယ်ရေးစနစ်သည် “သတိအနေအထား” တွင် ရှိနေကြောင်း Eyal Zamir က ထိုနေ့ ကျင်းပသည့် စစ်ရေးအစည်းအဝေးတစ်ခုတွင် ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်အနေဖြင့် “တိုက်ခိုက်မှုများ ချက်ချင်းပြန်လည်လုပ်ဆောင်ရန် အသင့်ပြင်ထားပြီး ဖြစ်ကြောင်း” လည်း Eyal Zamir က ပြောကြားခဲ့သည်။
အစ္စရေးစစ်တပ်က ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ရာ၌ အီရန်က ဂျော်ဒန်သို့ ဒုံးကျည်ပစ်လွှတ်ကြောင်း စောင့်ကြည့်စမ်းသပ်မိပြီးနောက် ဒုံးကျည်အပိုင်းအစများ အစ္စရေးနယ်နိမိတ်အတွင်းသို့ ကျရောက်မှုကို ကာကွယ်ရန်အတွက် အစ္စရေးစစ်တပ်က လေကြောင်းရန်ကာကွယ်ရေး ကြားဖြတ်ဒုံးကျည်များ ပစ်လွှတ်ခဲ့ကြောင်း ဖော်ပြထားသည်။ ဒုံးကျည်အစအနတစ်ချို့က ဂျော်ဒန်နှင့် နီးကပ်သည့် အစ္စရေး တောင်ပိုင်း Eilat မြို့အနီးရှိ မြေကွက်လပ်သို့ ကျရောက်ခဲ့ကြောင်း သိရသည်။
ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုပမာဏ သုညသို့ ကျဆင်းသွားပြီဖြစ် ဟု အီရန် မီဒီယာ ဆို
ဟော်မုဇ်ရေလက်ကြား ရေကြောင်းသွားလာမှုပမာဏ သုညသို့ ကျဆင်းသွားပြီဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံက ရန်စသည့်လှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်မည်ဆိုလျှင် ယင်းရေလက်ကြားကို ဆက်လက်ပိတ်ထားမည် ဖြစ်ကြောင်း အီရန် Fars သတင်းအေဂျင်စီက ဇူလိုင် ၁၉ ရက်တွင် သတင်းအရင်းအမြစ်၏ ပြောကြားချက်ကို ကိုးကား ဖော်ပြထားသည်။
အဆိုပါ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ရေတပ် သတင်းအရင်းအမြစ်က လက်ရှိတွင် မည်သည့် သင်္ဘောမဆို ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားခြင်း မရှိကြောင်း၊ ရေလက်ကြားကို ဖြတ်သန်းရန် ကြိုးပမ်းမှုမှန်သမျှသည် အီရန်၏ တိုက်ခိုက်မှုကို ခံရမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံက “ရန်လိုပြီး ရန်စသည့် လှုပ်ရှားမှုများ” ဆက်လက် လုပ်ဆောင်နေမည်ဆိုလျှင် ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း၊ အီရန်အနေဖြင့် မည်သည့်သင်္ဘောကိုမဆို ဖြတ်သန်းသွားလာခွင့် ထုတ်ပေးမည် မဟုတ်ကြောင်း အဆိုပါသတင်းအရင်းအမြစ်က ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
美军又有人员死亡 以军称“做好对伊恢复战斗准备”
一名美军人员在伊拉克执行涉伊朗任务时死亡
美军中央司令部19日在社交媒体上说,一名美军人员18日在伊拉克北部执行涉伊朗任务时死亡。
声明说,当时美军正在对一架被击落的伊朗单向攻击无人机所携弹药进行受控引爆,该人员在任务中死亡,另有一名美军人员受轻伤。
此外,美军在约旦搜寻17日遭伊朗袭击后失踪的一名美军人员,目前已发现不明身份遗骸,鉴定核实工作正在进行中。一些美媒援引匿名官员的话称,找到的遗骸属于这名失踪的美军人员。
以军总参谋长:做好对伊朗恢复战斗准备
以色列国防军总参谋长扎米尔19日说,以军密切监测伊朗导弹发射活动,保持“高度戒备”,并已做好对伊朗恢复战斗的准备。
扎米尔当天在一场军事会议上说,以军正密切关注伊朗局势发展,当天监测到伊朗向约旦亚喀巴地区发射导弹,以军防空系统处于“警戒状态”。扎米尔还说,以军“已做好立即恢复战斗的准备”。
以军19日下午发表声明说,在监测到伊朗射向约旦的导弹后,为防止导弹碎片落入以色列境内,以军发射多枚防空拦截弹。一些碎片落入邻近约旦的以南部城市埃拉特附近的空地。
伊朗媒体:霍尔木兹海峡通航量已降至零
伊朗法尔斯通讯社19日援引消息人士的话报道说,霍尔木兹海峡的通航量已降至零,只要美国继续其挑衅行为,该海峡将保持关闭。
这名来自伊朗伊斯兰革命卫队海军的消息人士透露,目前没有任何船只通过霍尔木兹海峡,任何穿越海峡的企图都将遭到伊朗的打击。
该消息人士说,只要美国继续采取“敌对和挑衅行为”,霍尔木兹海峡就将保持关闭状态,伊朗不会向任何船只发放通行许可。(记者:徐剑梅、黄强、庞昕熠、冯国芮、林建杰;视频:孙硕)
1. 7月19日,在约旦亚喀巴,导弹掉落引起烟尘。约旦武装部队当日发表声明说,约旦防空系统拦截并击落3枚来自伊朗的导弹,另有1枚导弹落入约旦南部偏远地区。新华社发
2. 这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧。新华社记者温新年摄








