ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ Moscow State University ပင်မအဆောက်အအုံနှင့် Lomonosov ရုပ်တုတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မြို့တော်မော်စကိုရှိ Moscow State University ပင်မအဆောက်အအုံနှင့် Lomonosov ရုပ်တုတို့ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာတီမာ ပူတင်နှင့် ရုရှားနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသော မြောက်ကိုရီးယားနိုင်ငံ (DPRK) နိုင်ငံခြားရေးဝန်ကြီး Choe Son Hui တို့က ဇူလိုင် ၁၉ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ပြောကြားခဲ့သည်။

"ပူတင်က ရုရှားနဲ့ မြောက်ကိုရီးယားအကြား နှစ်နိုင်ငံဆက်ဆံရေးကို အထူးအလေးထားပြောကြားခဲ့ပါတယ်" ဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ပြောကြားခဲ့ပြီး ပူတင်အနေဖြင့် အထူးစစ်ဆင်ရေးအတွင်း မြောက်ကိုရီးယားခေါင်းဆောင်များနှင့် ပြည်သူများ၏ ပံ့ပိုးများအတွက် ကျေးဇူးတင်ရှိကြောင်း ထပ်မံပြောကြားခဲ့သည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။

"ပူတင်က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းထံ လှိုက်လှဲမှုအရှိဆုံး နှုတ်ခွန်းဆက်စကားတွေလည်း အမှာစကားပါးခဲ့ပါတယ်" ဟု Peskov က ပြောကြားခဲ့သည်။ "မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးကလည်း အဲဒီနွေးထွေးပျူငှာတဲ့ မှတ်ချက်စကားတွေအတွက် ပူတင်ကို ကျေးဇူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံနဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဆက်ဆံရေးကို ဘက်စုံမြှင့်တင်ဖို့ ကင်ဂျုံအန်းက သူ့ရဲ့ကတိကဝတ်ကို မကြာသေးခင်ကပဲ ပြန်လည်အတည်ပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်" ဟုလည်း ၎င်းက ဆိုသည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် ကရင်မလင်နန်းတော်လက်ထောက် Yury Ushakov တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

..................

(English Version)

Putin holds talks with DPRK FM

MOSCOW, July 19 (Xinhua) -- Russian President Vladimir Putin on Sunday held talks with visiting Foreign Minister of the Democratic People's Republic of Korea (DPRK) Choe Son Hui, the Kremlin said.

"Putin spoke highly of bilateral ties between Russia and the DPRK," said Kremlin spokesperson Dmitry Peskov, adding that the Russian leader took the opportunity to once again express gratitude to the DPRK's leadership and people for their support during the special military operation.

"Putin conveyed his warmest greetings to DPRK leader Kim Jong Un," Peskov said. "In turn, the DPRK foreign minister thanked him for these warm remarks and noted that Kim Jong Un recently reaffirmed his commitment to comprehensively advancing the DPRK's relations with Russia."

Russian Foreign Minister Sergei Lavrov and Kremlin aide Yury Ushakov also attended the meeting. ■

English Caption

This photo taken on July 7, 2026 shows the main building of Moscow State University and the statue of Lomonosov in Moscow, Russia. (Xinhua/Zheng Yue)