
ကဘူးလ်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း၊ Nuristan ပြည်နယ်တွင် ဇူလိုင် ၂၀ ရက်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် လူဦးရေ ၂၀ ထက်မနည်းသေဆုံးခဲ့ကာ အခြားသူ ၈၀ ခန့် ဒဏ်ရာရရှိခဲ့ပြီး ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းပြည်နယ်တွင် ရေကြီးရေလျှံမှုများကြောင့် လူအများအပြား သေဆုံးခဲ့ကြောင်း အာဖဂန်နစ္စတန်နိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ယူဆပ်ဖ် ဟမ်မက်က လူမှုမီဒီယာ X ပေါ်၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။
ပြည်နယ်ဆိုင်ရာ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက အဆိုပါ ရေဘေးသင့်နေရာများသို့ ရောက်ရှိခဲ့ကြပြီး သေဆုံးသူများ၏ ရုပ်အလောင်းများ ဆယ်ယူခြင်း၊ ဒဏ်ရာရသူများကို ကယ်ဆယ်ခြင်းနှင့် ပျောက်ဆုံးသူများကို ရှာဖွေခြင်း စသည့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြကြောင်း ၎င်းက ဆိုသည်။
စုံစမ်းစစ်ဆေးမှုများနှင့် ပျက်စီးဆုံးရှုံးမှု အကဲဖြတ်ခြင်းများ လုပ်ဆောင်ပြီးစီးပါက လူသေဆုံးမှုများနှင့် အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးမှု ပဏာမကိန်းဂဏန်းများ ထုတ်ပြန်မည်ဖြစ်ကြောင်း ဟမ်မက်က ဖြည့်စွက်ပြောခဲ့သည်။
ထို့ပြင် အာဖဂန်နစ္စတန်နိုင်ငံ အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကလည်း လူမှုမီဒီယာ X ပေါ် ပို့စ်တင်ခဲ့သည့် သီးခြားထုတ်ပြန်ချက်၌ သဘာဝဘေးဒဏ်ကြောင့် သေဆုံးသွားသော မိသားစုဝင်များအတွက် ကြေကွဲဝမ်းနည်းရပါကြောင်းနှင့် လက်ရှိ လုပ်ဆောင်နေသော ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ရန် လိုအပ်ကြောင်းကိုလည်း အလေးထားပြောကြားခဲ့သည်။
ဒေသန္တရအာဏာပိုင်များအဆိုအရ Nuristan ပြည်နယ် မြို့တော်ဖြစ်သော Parun သည် ရေဘေးဒဏ် အဆိုးဝါးဆုံးခံစားခဲ့ရကာ ရေကြီးရေလျှံမှုကြောင့် လူနေအိမ်ခြေနှင့် အခြေခံအဆောက်အအုံ အများအပြား ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
Flash floods kill 20, leave over 100 missing in eastern Afghanistan
KABUL, July 20 (Xinhua) -- At least 20 people were killed, around 80 others injured and more than 100 remain missing after flash floods triggered by heavy rainfall struck Nuristan province in eastern Afghanistan on Monday, a government official said.
Yousuf Hammad, spokesperson for Afghanistan National Disaster Management Authority, said in a post on X that the floods caused heavy casualties in the province.
He said officials from the provincial disaster management department had arrived in the affected areas and launched search-and-rescue operations, including efforts to recover the bodies of victims, rescue the injured and search for those missing.
Preliminary figures on casualties and property losses will be released after investigations and damage assessments are completed, Hammad added.
In a separate statement posted on X, Zabihullah Mujahid, spokesperson for the Afghan government, expressed condolences to the families of those killed and stressed the need to speed up ongoing search-and-rescue operations.
According to local authorities, Parun, the provincial capital of Nuristan, was the worst-hit area, with numerous houses and infrastructure facilities damaged by the floods.
Photo 1, 2: This photo taken on July 20, 2026 shows a view of the flood-affected Nuristan province, Afghanistan. (Photo by Azizi/Xinhua)
Photo 3: Residents inspect flood-damaged houses after flash floods swept through Nuristan province, Afghanistan, July 20, 2026. (Photo by Azizi/Xinhua)
Photo 4: People gather at an area where houses were damaged by floods in Nuristan province, Afghanistan, July 20, 2026. (Photo by Azizi/Xinhua)






