
မနီလာ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn နှင့် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ဇူလိုင် ၂၁ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက တရုတ်နိုင်ငံသည် နိုင်ငံကြီးဖြစ်စေ နိုင်ငံငယ်ဖြစ်စေ အားလုံးသည် တန်းတူညီမျှ ဖြစ်သည်ဟု အစဉ်အမြဲ ထိန်းသိမ်းထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ခင်ရင်းနှီးမှု မူဝါဒကို အစဉ်အမြဲ လက်ကိုင်ထားကြောင်း ပြောကြားခဲ့သည်။
ယခုနှစ်သည် “အရှေ့တောင်အာရှ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် (TAC)” လက်မှတ်ရေးထိုးခြင်း နှစ် ၅၀ ပြည့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဤသဘောတူစာချုပ်တွင် အစောဆုံးပါဝင်သော နိုင်ငံကြီးဖြစ်ပြီး အခြားနိုင်ငံများ ဆက်လက်ပါဝင်လာစေရန် တွန်းအားပေးခဲ့ရာ အာဆီယံ၏ နိုင်ငံတကာ အနေအထားကို အားကောင်းစွာ မြှင့်တင်ပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေးကို ဆက်လက် ထောက်ခံအားပေးသွားမည်ဖြစ်ပြီး အာဆီယံ၏ ပူးတွဲ၍ ကိုယ်ပိုင်အင်အားတောင့်တင်းရေးကို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ဒေသတွင်း အရေးပါဆုံးသော တည်ငြိမ်မှု ကျောက်ဆူးဖြစ်ပြီး အာဆီယံနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်၊ အပြန်အလှန်ယုံကြည်မှု နက်ရှိုင်းစေရန်၊ အပြန်အလှန် နားလည်၍ ထောက်ခံအားပေးရန်၊ တရုတ်-အာဆီယံ ဘုံအကျိုးစီးပွား၊ ကမ္ဘာ့တောင်ဘက်ခြမ်း တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွား တို့ကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန်၊ နိုင်ငံတကာ စည်းစနစ်အား ပိုမိုတရားမျှတ၊ ကျိုးကြောင်းဆီလျော်သော လားရာသို့ ဦးတည် ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဝမ်ရိက တောင်တရုတ်ပင်လယ်သည် ဒေသတွင်းနိုင်ငံများ၏ ဘုံမိသားစုဥယျာဉ်ဖြစ်ပြီး တောင်တရုတ်ပင်လယ်အရေးသည် တရုတ်-အာဆီယံ ဆက်ဆံရေးအကြား အနှောင့်အယှက်မဖြစ်သင့်ကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ စစ်တပ်နှင့် ရဲတပ်ဖွဲ့ အင်အားစုအချို့သည် ရည်ရွယ်ချက်ရှိရှိ ရန်စကာ ပင်လယ်ပြင် အငြင်းပွားမှုများဖန်တီးခြင်းသည် ပြင်ပအင်အားစု အကျိုးစီးပွားအတွက် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး ဖျက်ဆီးလိုက်သည်မှာ တရုတ်-ဖိလစ်ပိုင် ဆက်ဆံရေး တိုးတက်ကောင်းမွန်ရေးလုပ်ငန်းစဉ်နှင့် တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှု ဖြစ်ရာ ဒေသတွင်းနိုင်ငံများအနေဖြင့် အထူးသတိပြုသင့်ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံနှင့်အတူ အနှောင့်အယှက် အကြောင်းရင်းများကို ဖယ်ရှားရန်၊ “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုကို အရှိန်မြှင့် တွန်းအားပေးလုပ်ဆောင်ရန်၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ချစ်ကြည်ရင်နှီးမှုရှိသော တောင်တရုတ်ပင်လယ် ပုံရိပ်ဖော်ညွှန်းမှုကို အတူတည်ဆောက်ရန်၊ တောင်တရုတ်ပင်လယ် အရေးတွင် ကိုယ်တိုင်ဆောင်ရွက်ခွင့်ကို မိမိတို့ကိုယ်တိုင် လက်ထဲ၌ မြဲမြံစွာ ဆုပ်ကိုင်ထားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
Kao Kim Hourn က အာဆီယံ-တရုတ် ဆက်ဆံရေးနှင့် နှစ်ဖက်၏ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို တက်ကြွစွာ သုံးသပ်ပြောကြားခဲ့ပြီး အာဆီယံ၏ ဒေသတွင်း မူဘောင်အတွင်း ဗဟိုချက်အနေအထားကို တရုတ်နိုင်ငံက အခိုင်အမာ ထောက်ခံအားပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
အာဆီယံ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်ခြင်း ၅ နှစ်ပြည့်ကို အခါအခွင့်အဖြစ်ထားရှိကာ နှစ်ဖက်မဟာဗျူဟာ ချိတ်ဆက်မှုကို အားကောင်းစေရန်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဒစ်ဂျစ်တယ်စီးပွားရေးစသည့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်၊ လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်မှုများ ပိုမိုဆောင်ရွက်ရန်၊ တရုတ်-အာဆီယံ ဆက်ဆံရေး ပိုမိုကြီးမားသော ဖွံ့ဖြိုးတိုးတက်မှု အဆက်မပြတ် ရရှိရေးကို မြှင့်တင်ရန် အာဆီယံက မျှော်လင့်ကြောင်း၊ လာမည့်နှစ်သည် “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ ကြေညာစာတမ်း” လက်မှတ်ရေးထိုးခြင်း ၂၅ နှစ်ပြည့်ဖြစ်ကြောင်း၊ အာဆီယံသည် လမ်းကြောင်းနှစ်သွယ် ပြိုင်တူလျှောက်လှမ်းသည့် နည်းလမ်းကို ထောက်ခံအားပေးပြီး “တောင်တရုတ်ပင်လယ်နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက်” ညှိနှိုင်းဆွေးနွေးမှုကို အရှိန်မြှင့်တင်ကာ တောင်တရုတ်ပင်လယ်ကို ငြိမ်းချမ်းမှု ပင်လယ်၊ ပူးပေါင်းဆောင်ရွက်မှု ပင်လယ်၊ ချစ်ကြည်ရင်းနှီးမှု ပင်လယ် ဖြစ်လာစေရန် မြှင့်တင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထိုနေ့တွင်ပင် ဝမ်ရိသည် ကနေဒါနိုင်ငံခြားရေးဝန်ကြီး Anita Anand ၊ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong ၊ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Mohamad Hasan တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)
...............................
(Chinese Version)
王毅会见东盟秘书长高金洪
新华社马尼拉7月21日电(记者赵晨捷 郭丽琨)中共中央政治局委员、外交部长王毅21日在马尼拉会见东盟秘书长高金洪。
王毅表示,中国始终坚持大小国家一律平等,始终奉行周边睦邻友好政策。今年是《东南亚友好合作条约》签署50周年。中国是最早加入该条约的大国,带动了其他大国相继加入,有力提升了东盟的国际地位,中方将继续支持东盟共同体建设,支持东盟联合自强。中国是本地区最重要的稳定锚,愿同东盟加强合作,深化互信,相互理解,相互支持,维护好中国东盟共同利益,维护好全球南方正当权益,推动国际秩序朝着更加公正合理方向发展。
王毅表示,南海是地区国家的共同家园,南海问题不应成为中国东盟关系间的障碍。菲律宾军警部分势力蓄意挑衅,制造海上事端,服务的是外部势力的利益,破坏的是中菲关系改善进程和南海的和平稳定,地区国家应当高度警惕。中方愿同东盟排除干扰因素,加快推进“南海行为准则”磋商,共同打造和平、稳定、合作、友好的南海新叙事,把南海问题主动权牢牢掌握在自己手中。
高金洪积极评价东盟中国关系和双方务实合作成果,感谢中方坚定支持东盟在区域架构中的中心地位。东盟期待以东盟中国建立全面战略伙伴关系5周年为契机,加强双方战略对接,深化贸易、投资、数字经济等务实合作,开展更多人文交流,推动中国东盟关系不断取得更大发展。明年是《南海各方行为宣言》签署25周年。东盟支持双轨并进思路,加快“南海行为准则”磋商,推动南海成为和平之海、合作之海、友谊之海。
同日,王毅还会见了加拿大外长阿南德、澳大利亚外长黄英贤、马来西亚外长穆罕默德。(完)
图说:7月21日,中共中央政治局委员、外交部长王毅在马尼拉会见东盟秘书长高金洪。 新华社发(乌马利摄)







