တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော ကမ္ဘာ့ကုန်စည်ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ ပြခန်းရှိ စက်ရုပ်များအား 
၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပသော ကမ္ဘာ့ကုန်စည်ပြပွဲနှင့် ကွန်ဗင်းရှင်းစင်တာ ပြခန်းရှိ စက်ရုပ်များအား ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ၏ ကမ္ဘာ့ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အမြဲတမ်းယန္တရား ပထမအကြိမ် အစည်းအဝေးကို ဇူလိုင် ၂၀ ရက်မှ ၂၄ ရက်အထိ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂ ရုံးချုပ်တွင် ကျင်းပလျက်ရှိသည်။ တရုတ်ကိုယ်စားလှယ်အဖွဲ့က ကမ္ဘာ့ယန္တရားထံသို့ “ဒစ်ဂျစ်တယ်ဉာဏ်ရည်ခေတ် ကမ္ဘာ့ဆိုက်ဘာစီမံခန့်ခွဲမှုဆိုင်ရာ တရုတ်နိုင်ငံ၏ ရပ်တည်ချက်စာတမ်း” ကို တင်သွင်းခဲ့သည်။ ဆိုက်ဘာအချုပ်အခြာအာဏာပြီးနောက် တရုတ်နိုင်ငံက ယခုအကြိမ်တွင် ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ၏ အရေးကြီးအခြေခံမူများကို တင်သွင်းလိုက်ခြင်းဖြစ်သည်။ ယင်းမှာ တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) ဖော်ဆောင်ခြင်းနှင့် ဆိုက်ဘာစပေ့ (Cyber Space) အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို မြှင့်တင်သည့် နောက်ဆုံး အစီအမံများ ဖြစ်သည်။

အဆိုပါစာရွက်စာတမ်းတွင် တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းရန်အတွက် နိုင်ငံအသီးသီးက ဆိုက်ဘာစပေ့တွင် ကုလသမဂ္ဂပဋိညာဉ်စာတမ်း ရည်ရွယ်ချက်နှင့် အခြေခံမူများကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာ လေးစားမှုကို လက်ကိုင်ထားကာ အများအကျိုးဖြစ်ထွန်းတိုးတက်အောင် အတူမြှင့်တင်ဆောင်ရွက်ရန်၊ ဉာဏ်ရည်တုအပါအဝင် ဒစ်ဂျစ်တယ်ဉာဏ်ရည်ရှိ နည်းပညာ တိုးတက်ရေးလမ်းကြောင်းကို နိုင်ငံအသီးသီးက နိုင်ငံ၏အခြေအနေနှင့်အညီ မိမိကိုယ်ပိုင်ရွေးချယ်ခွင့် ရှိသလို ဉာဏ်ရည်တုနည်းပညာ၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုကို မိမိကိုယ်ပိုင်ရွေးချယ်ခွင့်ရှိရာ ခြိမ်းခြောက်ဖိအားပေး ဘက်ရွေးရပ်တည်စေမှု မပြုသင့်ကြောင်း၊ နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို အခိုင်အမာ လက်ကိုင်ထားရေး ထပ်လောင်းပြောကြားခဲ့ပြီး ဉာဏ်ရည်တု စသည့် ထွန်းသစ်စ နည်းပညာများက ဆိုက်ဘာလုံခြုံရေးအပေါ် အန္တရာယ်သယ်ဆောင်လာမှုကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းရန်၊ ခေတ်ကာလနှင့်အညီ ဆိုက်ဘာကဏ္ဍ နိုင်ငံတကာစည်းမျဉ်းစည်းကမ်းသစ်များကို ရေးဆွဲရမည် ဖြစ်ကြောင်း အလေးထား ဖော်ပြထားသည်။

တရုတ်ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုက်ဘာနှင့် ဒစ်ဂျစ်တယ်ရေးရာ ညှိနှိုင်းရေးမှူးက ကမ္ဘာ့ယန္တရားအစည်းအဝေးကာလအတွင်း တရုတ်နိုင်ငံ၏ရပ်တည်ချက်စာတမ်းကို ဘက်စုံ မိတ်ဆက်ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中国发布《中国关于数智时代全球网络治理的立场文件》

新华社联合国7月21日电 联合国全球网络安全常设机制首次会议20日至24日在纽约联合国总部举行。中国代表团向全球机制提交了《中国关于数智时代全球网络治理的立场文件》。继网络主权后,中方此次提出了数字主权的重要原则,是中国落实全球治理倡议和推动构建网络空间命运共同体的最新举措。   

文件强调,为维护和平稳定,各国在网络空间应遵守联合国宪章宗旨和原则;倡导尊重数字主权,共促普惠发展,各国有权基于国情自主选择包括人工智能在内的数智技术发展路径,有权自主选择人工智能技术、产品和服务,不应当被胁迫选边站队;重申坚持多边主义,有效应对人工智能等新兴技术对网络安全带来的风险,与时俱进制定新的网络国际规则。   

中国代表团团长、外交部网络和数字事务协调员在全球机制会议期间全面介绍了中方立场文件。(完)

1. 7月16日拍摄的世博展览馆展台上的机器人。7月17日至20日,2026世界人工智能大会暨人工智能全球治理高级别会议将在上海举行。新华社记者 丁汀 摄