
ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)
သမိုင်းကြောင်းသည် ၂၀၂၆ ခုနှစ်သို့ ရောက်ရှိလာသည့်အခါတွင် ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများက အရှိန်အဟုန်မြင့် ဆင့်ကဲဖြစ်ပေါ်လျက်ရှိသလို နိုင်ငံတကာအခြေအနေသည် ပို၍ပင် ရောယှက်ရှုပ်ထွေး ပြောင်းလဲလျက်ရှိသည်။ ပို၍ ပေါ်လွင်လာသည့် ခေတ်ကာလ၏ အခက်အခဲပုစ္ဆာများစွာကို ရင်ဆိုင်ရာတွင် လူအများက တရုတ်နိုင်ငံအား အပြည့်အဝ မျှော်လင့်လျက်ရှိကြပေသည်။
“တရုတ်နိုင်ငံသည် သမိုင်း၏မှန်ကန်သောဘက်တွင် အစဉ်တစိုက် ရပ်တည်ကာ ပြည်သူ့ဆန္ဒအား မိမိဆန္ဒအဖြစ်လည်းကောင်း၊ ကမ္ဘာ့အကျိုးစီးပွားအား မိမိအကျိုးစီးပွားအဖြစ်လည်းကောင်း ထားရှိပြီး နိုင်ငံအသီးသီးနှင့်အတူ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်သည်။”
ယင်းမှာ ဇန်နဝါရီ ၁၆ ရက်တွင် သမ္မတ ရှီကျင့်ဖိန်က တရုတ်နိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးအသစ်များအား မိန့်ခွန်းပြောကြားရာ၌ ခိုင်ခိုင်မာမာ ကြေညာခဲ့ခြင်း ဖြစ်သည်။
ဓမ္မကို လက်ကိုင်ထားခြင်းနှင့် ကမ္ဘာ့အားထားရာ
“၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” အဖွင့်နှစ်တွင် တရုတ်နိုင်ငံ အကြီးအကဲ၏ သံတမန်ရေးသည် ဒီရေလှိုင်းပမာ မြင့်တက်လာရာ နိုင်ငံအသီးသီးက “အရှေ့မျှော်” သည့် ခေတ်ရေစီးကြောင်း ရှင်သန်အားကောင်းခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် ပဲ့ကိုင်ကာ ခရီးစဉ်သစ်ကို လျှောက်လှမ်းလျက်သော တရုတ်နိုင်ငံသည် ယုံကြည်ချက်ဖြင့် တံခါးဖွင့်လှစ်၍ ကမ္ဘာကြီးကို ထွေးပွေ့ထားခြင်း၊ စစ်မှန်ဖြောင့်မတ်သော သဘောထားဖြင့် ဖွံ့ဖြိုးတိုးတက်ရေး အခွင့်အလမ်းများကို မျှဝေခြင်း၊ ရဲဝံ့သောသတ္တိနှင့် တာဝန်ယူမှုဖြင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုကို ဦးဆောင်ခြင်းတို့ဖြင့် လူသားမျိုးနွယ်ယဉ်ကျေးမှုတိုးတက်ရေးလုပ်ငန်းကို ရှေ့သို့ များစွာ တိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်ခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ http://xhtxs.cn/bdxn
--------------------------------------------------------------------------------------
(Chinese Version)
新华全媒头条 | 执大象 天下往——2026年上半年中国元首外交纪实
当历史迈入2026年,世界百年变局加速演进,国际形势更加变乱交织。面对一系列愈发凸显的时代难题,人们对中国充满期待。
“中国将始终站在历史正确一边,以人民之心为心、以天下之利为利,同各国一道推动构建人类命运共同体。”1月16日,习近平主席在面向外国新任驻华大使发表讲话时坚定宣示。
执大象,天下往。
“十五五”开局之年,中国元首外交高潮迭起,各国“向东看”的时代潮流澎湃激荡。习近平主席领航掌舵,踏上新征程的中国,以自信姿态开放拥抱世界,以真诚意愿共享发展机遇,以勇毅担当引领全球治理,推动人类文明进步事业阔步向前。
1. 当地时间2026年6月8日中午,中共中央总书记、国家主席习近平乘专机抵达平壤,开始对朝鲜进行国事访问。这是欢迎人群。新华社记者 燕雁 摄
2. 2026年1月26日,中老铁路中亚国际货运班列在云南玉溪研和站发车(无人机照片)。新华社记者 高咏薇 摄
3. 2025年6月9日拍摄的中国共产党历史展览馆外景。 (配本社同题文字稿) 新华社记者 陈晔华 摄







