တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ခီရီဘာတီနိုင်ငံ သမ္မတ Taneti Maamau တို့ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ ခီရီဘာတီနိုင်ငံ သမ္မတ Taneti Maamau နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ တွေ့ဆုံဆွေးနွေးပွဲ မတိုင်မီ သမ္မတ ရှီကျင့်ဖိန်နှင့် ၎င်း၏ဇနီး ဖုန်လိယွမ်တို့ သမ္မတ Taneti Maamau ဇနီးမောင်နှံနှင့်အတူ အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ခီရီဘာတီနိုင်ငံ သမ္မတ Taneti Maamau ထံသို့ ခီရီဘာတီနိုင်ငံ၏ ၄၇ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ဇူလိုင် ၁၂ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်-ခီရီဘာတီ နှစ်နိုင်ငံသည် ၂၀၁၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်ပြီးနောက် နှစ်ဖက်သည် တန်းတူညီမျှဆက်ဆံမှု၊ အပြန်အလှန် ထောက်ခံအားပေးမှု၊ စစ်မှန်ရိုးသားစွာ ပူးပေါင်းဆောင်ရွက်မှုကို စွဲမြဲစွာ လက်ကိုင်ထားပြီး နှစ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် နက်ရှိုင်းလာရာ နှစ်နိုင်ငံပြည်သူများကို လက်တွေ့ကျကျ အကျိုးဖြစ်ထွန်းစေခဲ့ကြောင်း၊ မိမိအနေဖြင့် တရုတ်-ခီရီဘာတီ ဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ သမ္မတ သမ္မတ Taneti Maamau နှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံဆက်ဆံရေး အဆင့်သစ်ဆီသို့ အဆက်မပြတ်တိုးတက်ရေးကို ဦးဆောင်ကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုရန် ဆန္ဒရှိကြောင်း ထောက်ပြ ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

习近平就基里巴斯独立日向基里巴斯总统马茂致贺电

新华社北京7月12日电 7月12日,国家主席习近平致电基里巴斯共和国总统马茂,祝贺基里巴斯独立47周年。  

习近平指出,中基两国2019年复交以来,双方坚持平等相待,互相支持,真诚合作,双边关系持续深化,实实在在惠及两国人民。我高度重视中基关系发展,愿同马茂总统一道努力,引领两国关系不断迈上新台阶,更好造福两国人民。(完)

图说:2020年1月6日,国家主席习近平在北京人民大会堂同基里巴斯总统马茂会谈。这是会谈前,习近平和夫人彭丽媛同马茂总统夫妇合影。 新华社记者 黄敬文 摄