အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ယာ) က နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Avi Ohayon/GPO/Handout via Xinhua)
အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အမေရိကန် သမ္မတ ထရမ့် (ယာ) က နိုင်ငံတော်ခရီးစဉ် ရောက်ရှိလာသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- Avi Ohayon/GPO/Handout via Xinhua)

ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု အမေရိကန်နိုင်ငံ၌ ရှိနေစဉ်အတွင်း “မည်သည့်ပုံစံနှင့်မျှ ဖမ်းဆီးခံရမည်မဟုတ်” အမေရိကန်သမ္မတ ထရမ့်က ဇူလိုင် ၂၀ ရက်တွင် လူမှုမီဒီယာ၌ ပို့စ်ရေးသား၍ ပြောကြားခဲ့သည်။

ထရမ့်က နေတန်ယာဟုသည် “အီရန်ကို ထိပ်တိုက်ရင်ဆိုင်နေခြင်းဖြစ်တယ်”၊ “အမှန်တကယ် ဖမ်းခံသင့်တဲ့သူတွေက အီရန်ကို ဒီမကြုံစဖူး သေကျေပျက်စီးမှု သံသရာဆိုးအတွင်း ဆွဲသွင်းခဲ့သူတွေပဲဖြစ်တယ်” ဟု ဆိုခဲ့သည်။

ထရမ့်သည် ပို့စ်တွင် ဖော်ပြထားခြင်းမရှိသော်လည်း ၎င်း၏ ဤပြောကြားချက်များသည် ယခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း နယူးယောက်မြို့တော်ဝန် Zohran Mamdani ၏ နေတန်ယာဟုအား ဖမ်းဆီးခြင်းဆိုင်ရာ ပြောကြားချက်ကို တုံ့ပြန်ခြင်းဖြစ်သည်မှာ သိသာကြောင်း မီဒီယာအချို့က သတင်းဖော်ပြထားသည်။

“The New York Times” ၏ ဇူလိုင် ၁၈ ရက်တွင် ထုတ်လွှင့်သော မေးမြန်းခန်း၌ Mamdani က နယူးယောက်မြို့ အစိုးရအနေဖြင့် အကယ်၍ နေတန်ယာဟုသည် ယခုနှစ် စက်တင်ဘာလတွင် နယူးယောက်မြို့သို့ လာရောက်၍ ကုလသမဂ္ဂအထွေထွေညီလာခံ တက်ရောက်ပါက ၎င်းအား ဖမ်းဆီးနိုင်ခြင်း ရှိ/ မရှိကို အတည်ပြုရန် သက်ဆိုင်ရာ ဥပဒေလုပ်ပိုင်ခွင့်များကို အကဲဖြတ်သုံးသပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နေတန်ယာဟုသည် “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးရဲ့စွဲချက်တင်ခံထားရတဲ့ စစ်ရာဇဝတ်သားဖြစ်တယ်” ဟုလည်း ၎င်းက ဆိုခဲ့သည်။

နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့တွင် ဖွဲ့စည်းထားသော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး (ICC) သည် ၂၀၂၄ ခုနှစ်တွင်  ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ စစ်ရေးလှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ နေတန်ယာဟုအား ဖမ်းဝရမ်း ထုတ်ခဲ့ပြီး ၎င်းအား လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုများနှင့် စစ်ရာဇဝတ်မှုများ ကျူးလွန်သည်ဟု စွပ်စွဲခဲ့သည်။ အမေရိကန်သည် “အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ရောမသဘောတူညီချက်” တွင် ပါဝင်ချုပ်ဆိုထားသော နိုင်ငံမဟုတ်သလို ICC ၏  တရားစီရင်ပိုင်ခွင့်ကိုလည်း မည်သည့်အချိန်ကမျှ အသိအမှတ်ပြုခြင်းမရှိပေ။

မကြာသေးမီနှစ်များတွင် ICC က အမေရိကန် လူပုဂ္ဂိုလ်များ၊ အစ္စရေးဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဟောင်းတို့အပေါ် ဖမ်းဝရမ်းထုတ်ခြင်းကို အကြောင်းပြု၍ ICC မှ တရားသူကြီးနှင့် အစိုးရရှေ့နေတို့ကို ပိတ်ဆို့အရေးယူမည်ဟု အမေရိကန်က အကြိမ်ကြိမ် ကြေညာခဲ့သည်။ (Xinhua)

...............................

(Chinese Version)

特朗普称内塔尼亚胡不会在美国被捕

新华社华盛顿7月20日电(记者黄强 徐剑梅)美国总统特朗普20日在社交媒体发文称,以色列总理内塔尼亚胡在美国期间“绝不会以任何形式遭到逮捕”。  

特朗普称,内塔尼亚胡“正在对抗伊朗”,“真正应该被逮捕的是那些将伊朗拖入这场前所未有的死亡与毁灭恶性循环的人”。  

有媒体报道说,特朗普虽未在帖文中提及,但他这番言论显然是针对纽约市长马姆达尼关于可能在今年联合国大会期间逮捕内塔尼亚胡的说法。  

马姆达尼在《纽约时报》18日播出的采访中说,纽约市政府正在评估相关法律权限,以确定如果内塔尼亚胡今年9月赴纽约出席联合国大会,是否可以对其实施逮捕。他还表示,内塔尼亚胡是“被国际刑事法院指控的战争罪犯”。  

设在荷兰海牙的国际刑事法院2024年就以色列在巴勒斯坦加沙地带的军事行动对内塔尼亚胡发出逮捕令,指控他涉嫌反人类罪和战争罪。美国不是《国际刑事法院罗马规约》缔约国,也从未认可国际刑事法院的管辖权。近年来,美方以国际刑事法院调查美方人员和对以色列总理和前防长发出逮捕令为由,多次宣布制裁国际刑事法院法官和检察官。(完)

图说:2月11日,在美国首都华盛顿白宫,美国总统特朗普(右)迎接到访的以色列总理内塔尼亚胡。新华社发(以色列政府新闻办公室供图)