ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အမှတ်သင်္ကေတကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အမှတ်သင်္ကေတကို ၂၀၂၆ ခုနှစ် မတ် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

လက်ရှိ နိုင်ငံတကာစွမ်းအင်ဈေးကွက်တွင် ထောက်ပံ့မှု အကျပ်အတည်းကို ပြေလည်စေသည့် အကြောင်းအချက်များစွာရှိနေသော်လည်း အရှေ့အလယ်ပိုင်းဒေသအခြေအနေ၏ နောက်ဆုံးဖြစ်ပေါ်မှုသည် နိုင်ငံတကာအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုကို ဆိုးရွားသွားစေပြီး ဈေးကွက်အနာဂတ်အလားအလာအတွက် ပိုမိုများပြားသည့် မသေချာမရေရာမှုများ တိုးပွားလာစေကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အမှုဆောင်ဒါရိုက်တာ Fatih Birol က ဇူလိုင် ၂၁ ရက်တွင် ပြောကြားခဲ့သည်။

Fatih Birol က ထိုနေ့တွင် ကြေညာချက်တစ်ခုအတွင်း၌ နိုင်ငံတကာရေနံစိမ်းဈေးကွက်၏ ပြေလည်အောင် လုပ်ဆောင်နိုင်သော အကြောင်းအချက်အချို့ကို ဥပမာပေးခဲ့သည်။ ရှေးဦးစွာ ပင်လယ်ကွေ့ဒေသ ရေနံထွက်နိုင်ငံများက အတန်အသင့် ပမာဏကြီးမားသည့် ပံ့ပိုးမှုကို ထိန်းသိမ်းထားပြီး အထူးသဖြင့် ဆော်ဒီအာရေဗျနှင့် ယူအေအီးနိုင်ငံ၏ တွန်းအားပေးမှုဖြင့် အချို့သောရေနံစိမ်းများသည် ဟော်မုဇ်ရေလက်ကြားကို လမ်းရှောင်၍ အစားထိုးလမ်းကြောင်းမှတစ်ဆင့် နိုင်ငံတကာဈေးကွက်သို့ ဝင်ရောက်လျက်ရှိသည်။ ခန့်မှန်းချက်အရ ပင်လယ်ကွေ့ဒေသ၏ လက်ရှိရေနံစိမ်းတင်ပို့မှုပမာဏသည် ဇွန်လ လကုန်ပိုင်း အမြင့်ဆုံးအခြေအနေထက် ကျဆင်းမှုရှိသော်လည်း မတ်လ လဆန်းမှ ဇွန်လ လလယ်အထိ အဆင့်ထက် သိသိသာသာ မြင့်မားနေဆဲဖြစ်သည်။

ဒုတိယအနေဖြင့် အမေရိကန်၊ ဘရာဇီး၊ ဗင်နီဇွဲလားနှင့် ကာဇက်စတန် စသည့် နိုင်ငံများက ရေနံစိမ်းတင်ပို့မှုကို တိုးမြှင့်လာသဖြင့် ထောက်ပံ့ရေးကွက်လပ်အချို့ကို ဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ထို့ပြင် IEA အဖွဲ့ဝင်နိုင်ငံများက မဟာဗျူဟာမြောက် အရန်သိုလှောင်မှုရေနံကို အဆက်မပြတ် ထုတ်လွှတ်ပေးသဖြင့် ဈေးကွက်ဖိအားကို အတိုင်းအတာတစ်ခုအထိ ပြေလည်သွားစေခဲ့သည်။ မတ် ၁၁ ရက်တွင် မဟာဗျူဟာ အရန်သိုလှောင်ထားသော ရေနံစည်ပေါင်း သန်း ၄၀၀ ပူးတွဲထုတ်လွှတ်ပေးမည်ဟု ကြေညာပြီးနောက် အဖွဲ့ဝင်နိုင်ငံများသည် လက်တွေ့တွင် ရေနံစည်ပေါင်း သန်း ၂၉၀ ခန့် ထုတ်လွှတ်ပေးပြီးဖြစ်ကာ အရန်သိုလှောင်မှုပမာဏသည် အများအပြား ရှိနေဆဲဖြစ်သည်။ ၎င်းအနက် အစိုးရက ထိန်းချုပ်ထားသည့် အရန်သိုလှောင်မှုသည် စည်ပေါင်း သန်း ၁,၀၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်ပွဲအဆင့်မြင့်တက်လာမှုနှင့် စီးပွားဖြစ် အရန်သိုလှောင်မှုပမာဏ ကျဆင်းလာသည်နှင့်အမျှ ရေနံထောက်ပံ့ရေးဆိုင်ရာ လုံခြုံရေးအန္တရာယ်ကို လျစ်လျူရှုထား၍မရကြောင်းလည်း IEA က တစ်ချိန်တည်းတွင် သတိပေးခဲ့သည်။ ရေနံစိမ်းပံ့ပိုးမှုနှင့် နှိုင်းယှဉ်ပါက ရေနံချက်လုပ်ခြင်းနှင့် ကုန်ချောဆီ ပံ့ပိုးမှုများ ပြန်လည်ဖော်ဆောင်ခြင်းသည် အတန်အသင့် နှေးကွေးပြီး ကုန်ချောဆီဈေးကွက်တွင် ပိုမိုအကျပ်အတည်းဖြစ်နေပေသည်။

သဘာဝဓာတ်ငွေ့ဈေးကွက်တွင် အမေရိကန်၊ ကနေဒါ စသည့်နိုင်ငံများက သဘာဓာတ်ငွေ့အရည် ပံ့ပိုးမှုကို မြှင့်တင်ခဲ့ရာ ဟော်မုဇ်ရေလက်ကြားမှ ပံ့ပိုးမှု လိုအပ်ချက်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ဖြည့်ဆည်းပေးပြီးဖြစ်သည်။ သို့သော် ပင်လယ်ကွေ့ဒေသမှ တင်ပို့မှု ပြန်လည်ဖော်ဆောင်ခြင်း နှောင့်နှေးပါက ဈေးကွက်အကျပ်အတည်း အခြေအနေ ဆက်လက်ဖြစ်ပွားနိုင်ပြီး ဥရောပအပါအဝင် သဘာဝဓာတ်ငွေ့အရည် တင်သွင်းသူများအပေါ် သက်ရောက်မှုရှိနိုင်ပေသည်။

လက်ရှိပဋိပက္ခအား အမြန်ဆုံး ဖြေရှင်းသင့်ပြီး ဟော်မုဇ်ရေလက်ကြား၌ ဖြတ်သန်းသွားလာမှုကို “ဘက်စုံ၊ ခြွင်းချက်မရှိ” ပြန်လည်ဖော်ဆောင်ကာ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်လုံခြုံမှုအခြေအနေ တစ်ဆင့်တိုး ဆိုးရွားလာမှုကို ရှောင်လွှဲရမည်ဖြစ်ကြောင်း IEA က တိုက်တွန်းခဲ့သည်။ (Xinhua)

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ရှိ ဆီဆိုင်တစ်ဆိုင်၏ ဆီဖြည့်ရန် ဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ခ်မြို့ရှိ ဆီဆိုင်တစ်ဆိုင်၏ ဆီဖြည့်ရန် ဆိုင်းဘုတ်ကို ၂၀၂၆ ခုနှစ် မေ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

国际能源署:中东局势增加能源市场不确定性

新华社巴黎7月21日电(记者崔可欣)国际能源署署长法提赫·比罗尔21日表示,当前国际原油市场的供应紧张面临多重缓冲因素,但中东局势最新发展加剧了国际社会担忧,给市场前景增加更多不确定性。  

比罗尔当天在一份声明中列举了国际原油市场的几个缓冲因素。首先,海湾产油国保持较大规模供应,特别是在沙特阿拉伯和阿联酋推动下,部分原油通过绕开霍尔木兹海峡的替代路线进入国际市场。据估计,海湾地区当前原油出口量虽较6月下旬高点有所回落,但仍明显高于3月初至6月中旬的水平。  

其次,美国、巴西、委内瑞拉和哈萨克斯坦等国增加原油出口,部分弥补了供应缺口。  

此外,国际能源署成员国持续释放战略石油储备,也一定程度缓解了市场压力。自3月11日宣布联合释放4亿桶战略石油储备以来,成员国已实际释放约2.9亿桶,且仍持有大量储备,其中政府控制的储备超过10亿桶。  

国际能源署同时警告,随着战事升级和商业库存下降,石油供应安全风险不容忽视。与原油供应相比,炼油活动和成品油供应恢复较慢,成品油市场更为紧张。  

在天然气市场,美国、加拿大等国增加液化天然气供应,已弥补霍尔木兹海峡供应缺口的约70%,但若海湾地区出口延迟恢复,市场紧张局面可能延续,并影响包括欧洲在内的液化天然气进口方。  

国际能源署呼吁,应尽快解决当前冲突,“全面、无条件”恢复霍尔木兹海峡通行,避免全球能源安全形势进一步恶化。(完

1、这是3月13日在法国巴黎拍摄的国际能源署标识。新华社记者邬惠我

2、这是5月19日在南非约翰内斯堡一家加油站拍摄的加油牌。新华社记者陈为