ရုရှားနိုင်ငံ မော်စကိုဒေသ Sapronovo မြို့ရှိ ထိခိုက်ပျက်စီးသွားသော လူနေအဆောက်အအုံကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ မော်စကိုဒေသ Sapronovo မြို့ရှိ ထိခိုက်ပျက်စီးသွားသော လူနေအဆောက်အအုံကို ၂၀၂၅ ခုနှစ် မတ် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ Belgorod ဒေသတွင် ၂၄ နာရီအတွင်း ယူကရိန်းနိုင်ငံမှ ဒရုန်းဖြင့် တိုက်ခိုက်မှုများကြောင့် လူ ၁၀ ဦး သေဆုံးပြီး ၇၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ယာယီအုပ်ချုပ်ရေးမှူး Alexander Shuvaev က ဇူလိုင် ၂၁ ရက်၌ ပြောကြားခဲ့သည်။

ယင်းဒေသ၏ ခရိုင်သုံးခုတွင် ဖြစ်ပွားခဲ့သော အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အခြားသူ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာစစ်ဆင်‌ရေးဌာနချုပ်၏ အဆိုအရ သိရသည်။

ယူကရိန်းက ဒုံးကျည်စနစ်များစွာနှင့် အမြောက်လက်နက်ကို သုံး၍ ပစ်ခတ်တိုက်ခိုက်မှု ၇ ကြိမ်နှင့် ဒရုန်းများမှ ဖောက်ခွဲရေးပစ္စည်းများပစ်ချတိုက်ခိုက်မှု နှစ်ကြိမ် လုပ်ဆောင်ခဲ့သော လွန်ခဲ့သည့်ရက်အတွင်း အဆိုပါဒေသ၌ ဒရုန်း အစင်းရေ ၁၈၃ စင်းကို ပစ်ချခဲ့ကြောင်း Shuvaev က ပြောကြားခဲ့သည်။

အဆိုပါ ဒေသသည် ရုရှား-ယူကရိန်း ပဋိပက္ခ နောက်ပိုင်းအဆင့်များတွင် ယူကရိန်း၏ ဒရုန်းဖြင့် တိုက်ခိုက်မှုများနှင့် ပြင်းပြင်းထန်ထန်ရင်ဆိုင်လာရသည်။ လွန်ခဲ့သည့် သီတင်းပတ်တစ်ပတ်တည်း၌ပင် ထိုဒေသတွင် နေ့စဉ်ဒရုန်းအစင်းရေ ၉၀ ကျော်ကို ပစ်ချခဲ့ကြောင်း ဒေသခံအာဏာပိုင်များထံမှ နေ့စဉ်သတင်းဖော်ပြချက်များအရ သိရသည်။

ရုရှားနိုင်ငံရှိ ဒေသများစွာတွင် တစ်ညတာအတွင်း ယူကရိန်းဒရုန်း ၂၀၉ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက်အစောပိုင်း၌ ဖော်ပြခဲ့သည်။ (Xinhua)

...................

(English Version)

Ukrainian drone attacks kill 10, injure scores in Russia's Belgorod Region: authorities

MOSCOW, July 21 (Xinhua) -- Ten people were killed and 79 injured by Ukrainian drone attacks in the Belgorod Region, Russia, within 24 hours, said regional acting Governor Alexander Shuvaev on Tuesday.

The attacks on three districts of the region killed one civilian and wounded two others, according to the regional operational headquarters.

Shuvaev said that 183 drones were shot down over the region in the past day when Ukraine carried out seven shelling attacks using multiple launch rocket systems and artillery, and dropped explosives from drones twice.

The region has been under intensifying Ukrainian drone attacks in the later stages of the Russia-Ukraine conflict. According to daily reports from local authorities, more than 90 drones were shot down over the region every day in the past week alone.

The Russian defense ministry reported early Tuesday that 209 Ukrainian drones were shot down over multiple regions of Russia overnight. ■

English Caption

This photo taken on March 11, 2025 shows a damaged residential building in Sapronovo, Moscow Region, Russia. (Xinhua/Bai Xueqi)