တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှ ဂြိုဟ်တု ကိုးစင်းတင်ဆောင်ထားသော Gravity-1 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှ ဂြိုဟ်တု ကိုးစင်းတင်ဆောင်ထားသော Gravity-1 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် Gravity-1 သယ်ဆောင်ရေးဒုံးပျံကို နိုင်ငံအရှေ့ပိုင်း ရှန်ဟိုင်းမြို့ကမ်းရိုးတန်းအနီး ပင်လယ်ပြင်မှ အာကာသထဲသို့ ဇူလိုင် ၂၂ ရက်၌ လွှတ်တင်လိုက်ပြီး ယင်းပျံသန်းရေးစမ်းသပ်မစ်ရှင်အတွက် ပြီးပြည့်စုံသောအောင်မြင်မှု အထိမ်းအမှတ်ဖြစ်စေခဲ့ကြောင်း သိရသည်။

ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ပေကျင်းစံတော်ချိန် နံနက် ၁၀ နာရီ ၅၄ မိနစ်တွင် လွှတ်တင်ခဲ့သည့် အဆိုပါစီးပွားရေးလုပ်ငန်းသုံး ဒုံးပျံက ဂြိုဟ်တု ကိုးစင်းကို ကြိုတင်သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းများထဲသို့ ပို့ဆောင်ခဲ့သည်။

ထို Gravity-1 သယ်ဆောင်ရေးဒုံးပျံသည် ၎င်း၏ ပွဲဦးထွက်ပျံသန်းမှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီတွင် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

..................

(English Version)

Chinese Gravity-1 rocket launches new satellites from sea

SHANGHAI, July 22 (Xinhua) -- China on Wednesday sent a Gravity-1 carrier rocket into space from waters off the coast of Shanghai in east China, marking a complete success for this flight test mission.

The Taiyuan Satellite Launch Center launched the commercial rocket at 10:54 a.m. (Beijing Time), placing nine satellites into their designated orbits.

The Gravity-1 carrier rocket made its debut flight in January 2024. ■

English Caption 1-9

A Gravity-1 carrier rocket carrying nine satellites blasts off from waters off the coast of Shanghai, east China, July 22, 2026. (Xinhua)