တောင်တရုတ်ပင်လယ် ဟွမ်ရန်သောင်ကျွန်း ပင်လယ်ပြင်တွင် တာဝန်ယူ ကင်းလှည့်စောင့်ကြည့်နေသည့် ချွမ်းဆန်း ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ် ဟွမ်ရန်သောင်ကျွန်း ပင်လယ်ပြင်တွင် တာဝန်ယူ ကင်းလှည့်စောင့်ကြည့်နေသည့် ချွမ်းဆန်း ကမ်းခြေစောင့်တပ်ဖွဲ့ ရေယာဉ်အား ၂၀၂၆ ခုနှစ် ဧပြီ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

“တောင်တရုတ်ပင်လယ် ခုံသမာဓိ စီရင်ဆုံးဖြတ်ချက်” ထုတ်ပြန်ခြင်း ၁၀ နှစ်ပြည့်နှင့်စပ်လျဉ်း၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး၏ ပုံကြီးချဲ့ပြောကြားချက်များကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၂ ရက်တွင် တုံ့ပြန်ပြောကြားခဲ့သည်။ တုံ့ပြန်ပြောကြားချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi က ဇူလိုင် ၁၂ ရက်တွင် “တောင်တရုတ်ပင်လယ် ခုံသမာဓိ စီရင်ဆုံးဖြတ်ချက်” ထုတ်ပြန်ခြင်း ၁၀ နှစ်ပြည့်နှင့်စပ်လျဉ်း၍ ပြောကြားပြီး တရားမဝင် “စီရင်ချက်” ကို အာရုံစိုက်မှုရရှိစေရန် လူသိရှင်ကြား မြှင့်တင်လုပ်ဆောင်ကာ တရုတ်နိုင်ငံ၏ တရားဝင်ရပ်တည်ချက်များကို ပြစ်တင်ဝေဖန် တိုက်ခိုက်ခဲ့သလို ဂျပန်နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးကိစ္စတွင် အကျိုးစီးပွားသက်ဆိုင်သူဖြစ်သည်ဟု မှားယွင်းစွာ ပြောဆိုခဲ့သည်။ ယင်းအပေါ် တရုတ်နိုင်ငံအနေဖြင့် ပြင်းထန်စွာ ရှုတ်ချပြီး ပြတ်ပြတ်သားသား ကန့်ကွက်သည်။

ဂျပန်နိုင်ငံသည် တောင်တရုတ်ပင်လယ်အရေးနှင့် ပါဝင်ပတ်သက်သည့်နိုင်ငံမဟုတ်၍ တောင်တရုတ်ပင်လယ်နယ်နိမိတ်တွင် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ ပင်လယ်သမုဒ္ဒရာ အခွင့်အရေးနှင့် အကျိုးစီးပွားအပေါ် ထင်ရာစိုင်းပြောပိုင်ခွင့်မရှိပါ။ ဒုတိယကမ္ဘာစစ်ကာလတွင် ဂျပန်နိုင်ငံသည် တောင်တရုတ်ပင်လယ်ရှိ ကျွန်းများနှင့် သန္တာကျောက်တန်းများအား တရားမဝင် ကျူးကျော်ခြင်းအပါအဝင် တရုတ်နိုင်ငံအပေါ် ရာဇဝတ်မှုများစွာကို ကျူးလွန်ခဲ့ပြီး တရုတ်နိုင်ငံနှင့် တရုတ်ပြည်သူများအပေါ် နက်ရှိုင်းသော ကပ်ဘေးဒုက္ခများကို ယူဆောင်ပေးခဲ့သည်။ ယခုအခါ ဂျပန်နိုင်ငံသည် “အကျိုးစီးပွားသက်ဆိုင်သူ” ဆိုသည်ကို အကြောင်းပြု၍ တောင်တရုတ်ပင်လယ်အား ဝင်ရောက်စွက်ဖက်ရန် ထပ်မံကြိုးပမ်းခြင်းက ဂျပန်နိုင်ငံ၏ ပြင်ပသို့ ကျူးကျော်တိုးချဲ့သည့် သမိုင်းကြောင်းကို ကမ္ဘာ့ပြည်သူများအား ထပ်မံအမှတ်ရစေမည်ဖြစ်ပြီး ဂျပန် “ထပ်မံ စစ်ရေးအသွင်ပြောင်းခြင်း” အကြံအစည်ကို ပိုမို သတိပြုစေမည်ဖြစ်သည်။

နန်းဟိုင် ကျူးသောင် (တောင်တရုတ်ပင်လယ်ကျွန်းစု) ၏ အချုပ်အခြာအာဏာနှင့်  တောင်တရုတ်ပင်လယ်အပေါ် တရုတ်နိုင်ငံ၏ သက်ဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားသည် ရှည်လျားသော သမိုင်းကြောင်းဖြစ်စဉ်တွင် အတည်ပြုတည်ရှိခဲ့ပြီး သမိုင်းနှင့် တရားဥပဒေအရ အထောက်အထားအပြည့်အဝရှိသည်။ တောင်တရုတ်ပင်လယ်တွင် လုပ်ဆောင်သော သက်ဆိုင်ရာ လှုပ်ရှားမှုများသည် ကျိုးကြောင်းဆီလျော်၍ တရားဝင်ဖြစ်ရာ ဝေဖန်ပြစ်တင်ခွင့်မရှိပေ။ တောင်တရုတ်ပင်လယ်ရှိ တရုတ်နိုင်ငံ၏ အခွင့်အရေးကို ယာယီဖွဲ့စည်းထားသော “ခုံသမာဓိ” ဆိုသည်က ပို၍ပင် ငြင်းဆို၍ မရပေ။ “ခုံသမာဓိစီရင်ဆုံးဖြတ်ခြင်း” ဆိုသည်က လုပ်ပိုင်ခွင့်ဘောင်ကျော်လွန်၍ ကြားနာစစ်ဆေးခဲ့ခြင်း၊ ဥပဒေကို ဖောက်ဖျက်ကာ မတရားစီရင်ခြင်းဖြင့် ပြုလုပ်ခဲ့သော ‘စီရင်ဆုံးဖြတ်ချက်’ သည် တရားမဝင်၊ အကျုံးမဝင်၍  စည်းနှောင်နိုင်မှုလည်း မရှိသည့်အပြင် “ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက် (UNCLOS)” ၏ လေးနက်မှုနှင့် အခွင့်အာဏာကို ပြင်းပြင်းထန်ထန် ထိပါးပျက်စီးစေရာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေးကို အပြင်းအထန် ရိုက်ခတ်စေခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာ “စီရင်ဆုံးဖြတ်ချက်” ကို လက်မခံ၊ အသိအမှတ်မပြုသည့် အပြင် အဆိုပါ “စီရင်ဆုံးဖြတ်ချက်” ကို အခြေခံထားသော မည်သည့် အဆိုပြုချက်နှင့် လုပ်ဆောင်ချက်ကိုမဆို လက်ခံ၊ သဘောတူမည်မဟုတ်ပါ။

ဂျပန်နိုင်ငံသည် “စီရင်ဆုံးဖြတ်ချက်” ၏ အလွန်တရာ အဓိပ္ပာယ်မဲ့မှုကို လျစ်လျူရှုကာ “စီရင်ဆုံးဖြတ်ချက်” ကို လူသိရှင်ကြား အားပေးအားမြှောက်ပြုခြင်းသည် အမှန်စင်စစ်မှာ “အပြောတစ်မျိုး၊ အလုပ်တစ်မျိုး” ဖြစ်ပြီး ၎င်း၏ သူတော်ကောင်းဟန်ဆောင်ခြင်း သဘောသဘာဝကို အပြည့်အဝ ဖော်ထုတ်လိုက်ခြင်းဖြစ်သည်။ “စီရင်ဆုံးဖြတ်ချက်” စံနှုန်းအရ ဧရိယာအားဖြင့် ၅၀၀,၀၀၀ စတုရန်းမီတာအထိရှိ၍ ရေချိုသောက်သုံးနိုင်၊ အသီးအရွက်နှင့် ကြက်ငှက်များကို စားသုံးနိုင်သော နန်ရှားကျွန်းစုအတွင်းရှိ ထိုက်ဖိန်ကျွန်းသည်ပင် ကျွန်းတစ်ကျွန်းမဟုတ်ဘဲ သီးသန့်စီးပွားရေးဇုန် (EEZ) နှင့် ကမ်းဦးရေတိမ်ပိုင်း (continental shelf) ကို အဆိုပြုနိုင်ခြင်းမရှိပါက ပစိဖိတ်သမုဒ္ဒရာတွင် တစ်ခုတည်း အထီးကျန်စွာ ရှိနေပြီး ဧရိယာအားဖြင့် ၁၀ စတုရန်းမီတာပင် မရှိသော ကျောက်ဆောင်နှစ်ခုတည်းဖြင့်သာ ဖွဲ့စည်းထားသည့် အိုကီနိုတိုရီ (Okinotori ) ကျွန်းနှင့် ပတ်သက်၍ ဂျပန်နိုင်ငံက စတုရန်းကီလိုမီတာ သိန်းနှင့်ချီရှိသော သီးသန့်စီးပွားရေးဇုန်နှင့် ကမ်းဦးရေတိမ်ပိုင်းကို အဘယ်သို့ တောင်းဆိုခွင့် ရှိမည်နည်း။ ဤစံနှုန်းအရဆိုလျှင် ဂျပန်နိုင်ငံ၏ အခြားသော ကျွန်းများနှင့် သန္တာကျောက်တန်းများသည်လည်း ပင်လယ်သမုဒ္ဒရာဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားအား တောင်းဆိုရန် အထောက်အထားများ ဆုံးရှုံးမည်ဖြစ်သည်။ ဂျပန်နိုင်ငံသည် “စီရင်ဆုံးဖြတ်ချက်” ပါ အကြောင်းအရာများကို ထောက်ခံကြောင်း ကြေညာချက် ထုတ်ပြန်ထားသောကြောင့် ဂျပန်သည် တူညီသောစံနှုန်းဖြင့် သက်ဆိုင်ရာ ပင်လယ်သမုဒ္ဒရာ တောင်းဆိုမှုများကို မိမိတို့ဆန္ဒအလျောက် စွန့်လွှတ်လိုက်သည်ဟု ယူဆရန် တရုတ်ဘက်က အကြောင်းရင်းများရှိပေသည်။

ဂျပန်နိုင်ငံ ဂရုစိုက်သည်မှာ နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး လုံးဝမဟုတ်ဘဲ တောင်တရုတ်ပင်လယ်ကို ဝင်ရောက်စွက်ဖက်ရန်၊ ဒေသတွင်းကို ရှုပ်ထွေးစေရန်သာ ဖြစ်သည်။ အချိန်ကာလတစ်ခုအတွင်း ဂျပန်နိုင်ငံသည် ဖိလစ်ပိုင်နိုင်ငံနှင့် ချိတ်ဆက်မှုများကို အားကောင်းစေပြီး ဖိလစ်ပိုင်သို့ လက်နက်ကိရိယာများ တင်ပို့ခဲ့သည်။ ဂျပန်နိုင်ငံသည် ပြည်ပသို့ စစ်ရေးအင်အားများ ကြိမ်ဖန်များစွာ စေလွှတ်ခြင်း၊ တိုက်စစ်ဆင်နိုင်သော ဒုံးကျည်များ ပစ်လွှတ်ခြင်းဟူသော ဤ လုပ်ဆောင်ချက်များသည် “မိမိကိုယ်ကို ကာကွယ်ရေး” အတိုင်းအတာကို များစွာ ကျော်လွန်သွားပြီဖြစ်သည်။ ယင်းက ဂျပန်နိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတကာဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်သလို စစ်အပြီး နိုင်ငံတကာ စည်းစနစ်ကို စိန်ခေါ်ခြင်းဖြစ်သည်။ ဤသို့သော အကြောင်းအရာ အဖုံဖုံကြောင့် မိမိတို့အနေဖြင့် မဖြစ်မနေ မေးခွန်းထုတ်ရမည်မှာ ဂျပန်နိုင်ငံ၏ အမှန်တကယ် ကြံရွယ်မှုကား အဘယ်နည်းဟူ၍ ဖြစ်သည်။

ဂျပန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအား အမည်ဖျက်တိုက်ခိုက်ခြင်းကို ရပ်တန့်ရန်၊ တောင်တရုတ်ပင်လယ်အရေးတွင် မဟုတ်မမှန် ပြောဆိုခြင်းကို ရပ်တန့်ရန်၊ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်မှုကို ဖျက်ဆီးခြင်းအား ရပ်တန့်ရန် မိမိတို့ တိုက်တွန်းလိုပါသည်။ တရုတ်နိုင်ငံအနေဖြင့် တောင်တရုတ်ပင်လယ်ရှိ မိမိတို့၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် ပင်လယ်သမုဒ္ဒရာဆိုင်ရာ အခွင့်အရေးနှင့် အကျိုးစီးပွားများကို ဆက်လက်ကာကွယ်သွားမည်ဖြစ်သည်။ တရုတ်နိုင်ငံ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို စိန်ခေါ်သည့်၊ တောင်တရုတ်ပင်လယ် ငြိမ်းချမ်းတည်ငြိမ်ရေးကို ဖျက်ဆီးသည့် မည်သည့် ကြိုးပမ်းမှုမဆို မုချကျရှုံးမည်ဖြစ်သည်။ (Xinhua)

......................................

(Chinese Version)

外交部发言人就日本外务大臣炒作“南海仲裁案裁决”出台十年发表谈话

新华社北京7月12日电 外交部发言人12日就日本外务大臣炒作“南海仲裁案裁决”出台十年发表谈话。全文如下:  

7月12日,日本外务大臣茂木敏充就“南海仲裁案裁决”出台十年发表谈话,公然为非法“裁决”张目,攻击指责中国合法主张,妄称日本是南海事务的利益攸关方。中方对此表示强烈谴责和坚决反对。  

日本不是南海当事国,没有资格对中国在南海的领土主权和海洋权益说三道四。二战时,日本在中国犯下累累罪行,其中就包括非法侵占中国南海岛礁,给中国和中国人民带来了深重灾难。现在日本打着所谓“利益攸关方”旗号,再次妄图介入南海,这只会让世界人民再次想起日本对外侵略扩张的历史,更加警惕日本“再军事化”图谋。  

中国对南海诸岛的主权和在南海的相关权益,是在漫长的历史过程中确立的,有着充分的历史和法理依据。中国在南海开展有关活动,合理合法,不容指摘。中国在南海的权利更不是一个临时组成的所谓“仲裁庭”可以否定的。所谓“仲裁”越权审理、枉法裁判,所作出的“裁决”非法、无效,没有拘束力,并严重损害《联合国海洋法公约》的严肃性和权威性,严重冲击国际法治。中国不接受、不承认有关“裁决”,反对且不接受任何基于该“裁决”的主张和行动。

日本无视“裁决”荒谬之处,公然鼓吹“裁决”,实际上是“说一套、做一套”,充分暴露了其虚伪本质。按照“裁决”标准,如果连面积达50万平方米,有淡水可饮、有蔬果家禽可食的南沙群岛中的太平岛都不是岛屿,无法主张专属经济区和大陆架,那孤悬在太平洋的仅由两块面积不足10平方米的礁石组成的冲之鸟礁,日本又有何权利主张几十万平方公里的专属经济区和大陆架?按照这一标准,日本的很多其他岛礁也将失去主张海洋权益的依据。既然日本已发表声明赞成“裁决”的内容,中方有理由认为,日方已按照相同标准,自愿放弃相应的海洋主张。  

日本关心的根本不是国际法治,而是想介入南海,搅乱地区。一段时间以来,日本不断加强同菲律宾的勾连,向菲律宾输出武器装备。日本数次向海外派遣军事力量,发射进攻型导弹,这些行动远远超出“自卫”范畴,是在突破日本宪法和国际法规制,挑战战后国际秩序。凡此种种,我们不禁要问,日本究竟意欲何为?  

我们奉劝日本停止污蔑攻击中国,停止在南海问题上搬弄是非,停止破坏南海和平稳定。中国将继续坚定捍卫自身在南海的领土主权和海洋权益。任何试图挑战中国合法权益、破坏南海和平稳定的图谋都注定破产。(完)

图说:4月28日,海警川山舰在黄岩岛海域巡航值守(无人机照片)。新华社记者 陈斌 摄